၂၁ နိုဝင်ဘာ၊၂၀၂၃
မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု-ကုန်သွယ်မှု သမဂ္ဂအဖွဲ့ချုပ် (MICS-TUsF)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ခုံရုံးမှ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်တယ်လို့မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။
ဒီနောက်ဆုံး စီရင်ချက်ဟာ အာဏာဖီဆန်မှု လှုပ်ရှားမှုတွင် ပါဝင်မှုအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရပြီးနောက် ထွက်ပေါ်လာတာလို့ဆိုပါတယ် ။
ကိုသက်နှင်းအောင်ဟာ ဒီနှစ်ဇွန်လမှာ ထောင်မှလွတ်လာပြီး မကြာမီ ပြန်အဖမ်းခံရတာဖြစ်ပါတယ်။
ကိုသက်နှင်းအောင်အမှု ကြားနာခြင်းများဟာ မှန်ကန်တဲ့ဥပ ဒေ လုပ်ထုံးလုပ်နည်းတွေ၊ လိုအပ်တဲ့ ဥပ ဒေရေးရာအာမခံမှုတွေ၊နိုင်ငံတကာဥပ ဒေလွှမ်းခြုံမှု အောက်ရှိ နိုင်ငံများရဲ့တာဝန်တွေကို လေးစားမှုမရှိဘဲ ဆောင်ရွက်ခဲ့ တယ်လို့မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ် ။