
အလုပ်သမားဝန်ကြီးဌာန၊အနည်းဆုံးအခကြေးငွေသတ် မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် မူလကသတ်မှတ်ထားတဲ့ အ နည်းဆုံးအခကြေးငွေနှုန်းထားကို အောက်တိုဘာလ၅ရက်နေ့က အမိန့်ကြော်ငြာစာအမှတ်၊ ၁ / ၂၀၂၃ ထုတ်ပြန်ပြီး ပြင်ဆင်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်


မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနများ၊အဖွဲ့အစည်းများ၊CMP စက်ရုံများနဲ့ အလုပ်ရုံများမှာ လုပ်ကိုင်လျက်ရှိတဲ့ နေ့စားအလုပ်သမားတစ်ဦးရဲ့ လုပ်ခကို လုပ်ချိန် တစ်နေ့ (၈)နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခကျပ် ၄၈၀၀ အပေါ် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ထပ်မံ ခံစားခွင့်ပြုခဲ့တာဖြစ်ပြီး အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ခဲ့တဲ့ အမိန့်ကြော်ငြာဟာ အောက်တို ဘာလ၁ရက်နေ့က စတင်ပြီး သက်ရောက်မှုရှိမယ်လို့ သိရပါတယ်။
Visited 22 times, 1 visit(s) today