အရှေ့အလယ်ပိုင်းမှာ နောက်ထပ်စစ်ပွဲ အသစ်တစ်ခု ထပ်ဖြစ်လာနိုင်ချေမရှိဘူးလို့ သမ္မတ ဂျိုး ဘိုင်ဒန်က သုံးသပ်ပြောဆို

ဝါရှင်တန်၊ အောက်တိုဘာ ၄

တီဟီရန်က ရန်သူတော် အစ္စရေးကို အကြီးအကျယ် တိုက်ခိုက်ပြီးတဲ့နောက် အစ္စရေးဘက်ကလည်း လက်တုန့်ပြန်ဖို့ အရေးကို ချိန်ဆနေသလို တစ်ချိန်တည်းမှာလည်း  အစ္စရေးစစ်တပ်ဟာ  လက်ဘနွန် မှာ စစ်မျက်နှာ အသစ်ဖွင့်ပြီး တိုက်ခိုက်နေတာမို့  အရှေ့အလယ်ပိုင်းစစ်ပွဲကို ရှောင်ရှားဖို့ ပိုမိုလုပ်ဆောင်ဖို့ တကယ်လိုအပ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က အောက်တိုဘာ ၄ရက်မှာ ပြောဆိုလိုက်ပါတယ်။

သမ္မတ ဘိုင်ဒန်ကို  ဝါရှင်တန်မှာ  သတင်းထောက်တွေကအီရန်နဲ့  စစ်ပွဲကို အစ္စရေးအနေနဲ့ ရှောင်ရှားနိုင်မှာလားမေးမြန်းခဲ့ရာမှာတော့ ” စစ်ပွဲကို ရှောင်နိုင်မယ် ထင်ပါတယ်။” ဆိုပြီး ပြန်ဖြေပါတယ်။။”ဒါပေမယ့် လုပ်စရာတွေ အများကြီးရှိသေးတယ်။” လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြားမဟာမိတ်တွေက  အစ္စရေး-လက်ဘနွန် တိုက်ခိုက်နေတာကို ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့လည်း တောင်းဆိုနေချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တီဟီရန်ကို လက်တုန့်ပြန်ဖို့ ကိစ္စကို အများကြီး ပြန်စဉ်းစားပြီး တခြားရွေးချယ်စရာ နည်းလမ်းတွေ စဉ်းစားသင့်တယ်လို့ ဝိုင်းပြီး အကြံပြုနေ ကြတယ် လို့ သတင်းတွေက ဆိုပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဆိုပြီးလည်း  ဘိုင်ဒန်က သတင်းထောက်တွေကို ထပ်ဆင့် ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။

Ref: REUTERS

ပုံစာ။ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်

Featurre Image Credit: REUTERS/Evelyn Hockstein

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *