အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာဖို့ ရှိတယ်လို့ အမေရိကန်က သတိပေး

အီရတ်က အမေရိကန်သံရုံးဝန်ထမ်း အများအပြားကို ထွက်ခွာဖို့ ညွှန်ကြားထား

ဝါရှင်တန်၊ အောက်တိုဘာ ၂၂

ဟားမတ်စ်နဲ့ အစ္စရေး စစ်ရေးကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတယ်လို့ ဝါရှင်တန်က အောက်တိုဘာ ၂၂ ရက်နေ့က သတိပေးလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ  ဝါရှင်တန်ဟာ  အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက အရေးပေါ်မဟုတ်တဲ့ ဝန်ထမ်းတွေကို ထွက်ခွာ ကြဖို့  အောက်တိုဘာ ၂၂ရက် တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ၊ ကျွန်တော်တို့လူတွေ အီရန်ရဲ့ proxy ကြားခံပစ်မှတ် ဖြစ်နိုင်ခြေကို စိုးရိမ်နေပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က CBS သတင်းမှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် “အခြေနေဆိုး တွေက တိုးမြင့်လာဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

ဘလင်ကန်ကပဲ “အစ္စရေးနိုင်ငံကို နောက်ထပ်တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဖို့ ဒီနေ့အချိန်ကို ဘယ်သူကမှ အခွင့်ကောင်း မယူသင့်ပါဘူး” လို့ ဆိုပါတယ်။

မြေထဲပင်လယ်အရှေ့ပိုင်းကို လေယာဥ်တင် သင်္ဘောအုပ်စုနှစ်စုကို စေလွှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုဟာ အခြေနေတစ်ခုကို အသေအချာ  ခုခံကာကွယ်နိုင်စေဖို့  အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နေကြောင်းလည်း ဘလင်ကန်  ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းက အီရန်လိုလားတဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေ  ဒါမှမဟုတ် တီဟီရန်ကို ထောက်ခံတဲ့ တခြား အုပ်စုတွေဟာ  ဂါဇာကမ်းမြောင်ဒေသက တင်းမာနေတဲ့အခြေအနေတွေကိုအခွင့်ကောင်းယူအသုံးချပြီး ပဋိပက္ခကို ချဲ့ထွင် ဖို့ လုပ်လာဖို့ရှိတယ်ဆိုတဲ့ တွက်ဆချက်နဲ့အတူ အခုလို အမေရိကန်ရဲ့   သတိပေး မှတ်ချက်ချစကားတွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: AFP/ec

ပုံစာ။ : ဂါဇာမှာ တွေ့ရတဲ့ အစ္စရေးစစ်သားတချို့

Feature Image credit: REUTERS/Amir Cohen

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *