
Photo Credit: Reuters
ဂျာကာတာ၊ အောက်တိုဘာ ၂
အင်ဒိုနီးရှားနိုင်ငံဟာ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ ကျည်ဆန်အမြန်ရထားပရောဂျက်ကို အောင်မြင်ပြီးဆုံးအောင် အကောင်အထည်ဖော်ပြီးတဲ့နောက် အောက်တိုဘာ ၂ရက်နေ့မှာ အရှေ့တောင်အာရှရဲ့ ပထမဆုံး ကျည်ဆန်ရထားကို စပြီး အသုံးပြုနိုင်ခဲ့ပြီလို့ သိရပါတယ်။
“Whoosh” လို့ နာမည်ပေးထားတဲ့ ဒီရထားဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၃၅၀ အထိမောင်းနှင်နိုင်ပြီး ကီလို မီတာ ၁၄၀ ကွာဝေးတဲ့ မြို့တော် ဂျကာတာနဲ့ ဘန်ဒေါင်းကို အရင် က ၃နာရီကြာခဲ့ကြရပေမယ့် အခုဆို ၄၅ မိနစ်အတွင်း ရောက်အောင် ပို့ဆောင်နိုင်ပြီလို့ ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း “ကျွန်တော်တို့ရဲ့ ခေတ်မီခြင်း သင်္ကေတ” လို့ ချီးကျူးခဲ့ပါတယ်။”ဒါဟာ တခြားသယ်ယူပို့ဆောင်ရေးပုံစံတွေနဲ့ ချောမွေ့စွာ ချိတ်ဆက်နေတဲ့ အများသူငှာ သယ်ယူပို့ဆောင်ရေးမှာ ကျွန်တော်တို့ရဲ့ ခေတ်မီတိုးတက်လာခြင်းရဲ့ သင်္ကေတတစ်ခုပါပဲ” လို့လည်း သူက ပြောပါတယ်။
ဒီရထားဟာ ခရီးသည် ၆၀၀ တင်ဆောင်နိုင်တယ်လို့လည်းသိရပါတယ်။
ဒီပရောဂျက်ဟာ ဘေဂျင်းရဲ့ Belt and Road ပဏာမ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်ကျောထောက်နောက်ခံပြုပေးထားတဲ့ ပရောဂျက် တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: AFP/cm
Feature Image Credit: Reuters