အရှေ့တောင်အာရှမှာ အွန်လိုင်းသုံးပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဆမတန် များလာလို့ ကုလသမဂ္ဂက သတိပေး

ဂျနီဗာ၊ ဩဂုတ် ၂၉

အရှေ့တောင်အာရှဒေသတွေမှာ နေကြတဲ့ သိန်းနဲ့ချီတဲ့ လူတွေကို ရာဇ၀တ်ဂိုဏ်းတွေက ခြိမ်းခြောက်ဖျား ယောင်းပြီး အွန်လိုင်းရာဇဝတ်မှုတွေ ခိုင်းစေတာ အဆမတန်တိုးလာနေတယ်လို့  ဩဂုတ်လ ၂၉ရက်နေ့ အင်္ဂါနေ့မှာ ကုလကမဂ္ဂက သတိပေး ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

လူအများအပြားဟာ အွန်လိုင်းရာဇ၀တ်မှုတွေမှာ  အလုပ်လုပ်ခိုင်းဖို့ လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်တာ အပါအဝင်  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလိုမျိုး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင် နေရတဲ့အကြောင်း ကုလ သမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

“ဒီလို လိမ်လည်လှည့်စားပြီး အတင်းအကြပ် ခိုင်းစေခံရတဲ့သူတွေဟာ ရာဇ၀တ်မှုတွေ ကျူးလွန်ဖို့ အတင်း အကြပ် ဖိအားပေးခံရပြီး လူမဆန်တဲ့ ဆက်ဆံမှုတွေကို ခံနေကြရတယ်” လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ  ဗော်လကာ တပ်ခ်  က ပြောပါတယ်။ တစ်ကယ်တော့ “သူတို့က သားကောင် တွေပဲ။ သူတို့က ရာဇ၀တ်ကောင်တွေ မဟုတ်ဘူး။” လို့လည်း ထည့်ပြောပါတယ်။

အခုဆိုရင်  မြန်မာနိုင်ငံက အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ လောက်ကလည်း  အွန်လိုင်း လိမ်လည်မှုတွေကို လုပ်ဖို့ ဖိအားပေးခံနေရတာတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားမှာလည်း ခန့်မှန်းခြေ လူ ၁၀၀၀၀၀ လောက်ရှိနေပြီး လာအို၊ ဖိလစ်ပိုင်နဲ့ ထိုင်း စတဲ့နိုင်ငံတွေလည်း ပါဝင် တယ်လို့ သိရပါတယ်။

လိမ်လည်မှုတွေကနေ  တစ်နှစ်ကို  ဒေါ်လာဘီလီယံနဲ့ချီ ၀င်ငွေရနေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေအတွက် လူကုန်ကူးခံရသူအများစုက အမျိုးသားတွေ ဖြစ်တယ်လို့သိရပါတယ်။

Ref: Agencies/nh(CAN)

Feature Image Credit: Benar News

Leave a Reply

Your email address will not be published. Required fields are marked *