အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက မလေးရှားအစိုးရရဲ့ နှေးကွေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အပြစ်တင်ဝေဖန်နေ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၄

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ဥပဒေတွေနဲ့  ပတ်သက်တဲ့ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်ဖို့ မလေးရှား အရပ်ဘက်အဖွဲ့အစည်း (CSO) အများအပြားက အစိုးရကို တိုက်တွန်း လိုက်တယ်လို့ သိရပါတယ်။ အခုလိုမျိုး တိုက်တွန်းတောင်းဆိုတာတွေက ပြီးခဲ့တဲ့ နှစ်ကစပြီး သိသိသာသာ မြင့်တက်လာခဲ့ တာလို့လည်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က  ဒီဇင်ဘာ၁၂ရက် အင်္ဂါနေ့ ထုတ်ပြန်ခဲ့တဲ့  အစိုးရအဖွဲ့ အပြောင်းအလဲကြောင့်  ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီးနှေးကွေးသွားစေနိုင်တယ်လို့လည်း ဝေဖန်ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။

မလေးနိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ယောက်က CNA ကို ပြောဆိုရာမှာက မလေးရှားလို နိုင်ငံမျိုးမှာ ဥပဒေတွေ လိုအပ်နေသေးတယ်လို့ ပြောဆိုခဲ့ပြီး အခြားတစ်ယောက်ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတာ လက်ရှိအစိုးရအတွက် ဦးစားပေးကိစ္စ မဟုတ်ဘူးလို့  ယုံကြည်နေတဲ့အကြောင်း ပြောပြပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော် အစိုးရ ကျမ်းသစ္စာကျိန်ဆိုအပြီး ဆူပူအုံကြွမှုအက်ဥပဒေ၊ ဆက်သွယ်ရေးနဲ့  မာလ်တီမီဒီယာ အက်ဥပဒေ စတဲ့  ဥပဒေတွေ ကို ဆက်ပြီး ကျင့်သုံးနေသေးတယ်လို့  CSO တွေက ပြောပါတယ်။

အစိုးရဟာ အရင်နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတုန်းက  အဲ့ဒိဥပဒေတွေကို ဖျက်သိမ်း ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ကတိပေးခဲ့ပေမယ့် လက်တွေမှာ ဖြစ်မလာခဲ့လို့   မကျေမနပ် ပြောဆိုပြီး ဖိအားပေးနေကြတာ ဖြစ်ပါတယ်။

CSO တွေ  ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ  အခုနှစ်တွေမှာ အဲ့ဒိဥပဒေတွေကို  အရင်နှစ်တွေကထက် ပိုပြီး သုံးလာတာ နှစ်ဆလောက်ပိုများတယ်လို့ လည်း သိရပါတယ်။

Ref: CNA/rv(as)

ပုံစာမလေးရှားက  သတင်းစာနဲ့ မဂ္ဂဇင်းမျိုးစုံရောင်းနေတဲ့ ဆိုင်တစ်ဆိုင်

Feature Image Credit: CNA/Fadza Ishak

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *