ကာရန်ဂါနီယာ(အင်ဒိုနီးရှား)၊ ဩဂုတ် ၉
အယ်နီညိုကြောင့် မိုးခေါင်ရေရှား ပြသနာ ကြုံနေရတဲ့ အင်ဒိုနီးရှားက ကာရန်ဂါနီယာ ဒေသမှာ မိုးမရွာတာ လေးလလောက် ရှိနေပြီမို့ သောက်ရေ၊ သုံးရေ သာမက စိုက်ပျိုးရေးအတွက်ပါ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။
ဒီလို မိုးခေါင်နေတာကြောင့် အဲဒိ ဒေသက ဆေးရွက်ကြီး တောင်သူတွေ အနေနဲ့ ရေရဖို့ တစ်ခုတည်းသော နည်းလမ်းက တော့ ခမ်းခြောက်နေတဲ့ မြစ်ကြမ်းပြင်ကို တူးဆွပြီး ရေရအောင် ရှာရမယ့် လမ်းတစ်ခုပဲ ရှိတော့ တယ်လို့ ဒေသခံတွေက ငြီးတွားပြောဆိုနေတယ်လို့ သိရပါတယ်။
ဒေသခံတွေပြောပြတာ “ရေချိုရဖို့ တူးထားတဲ့ ရေထွက်ပေါက်တွေက ၁နာရီတောင်မခံဘူး၊ဆားငံဓါတ်တွေနဲ့ ရွံတွေ ပြန်ပြီး ပြည့်ပြည့်သွားတယ်” လို့ ဆိုပါတယ်။ အဲ့ဒိက ရတဲ့ရေက ကောက်ပဲသီးနှံပင်တွေကို လောင်းရလောက်အောင် မရဘူး အပင် တွေ သေကုန်တယ် ဆိုပြိးလည်း ပြောကြပါတယ်။
“ဒီရွာမှာ မိုးခေါင်ရေရှားနေတာ ဧပြီလကတည်းကပါ။ အခုအချိန်အထိ မိုးမရွာသေးပါဘူး။ ဒီဒေသက ရေတွင်းတွေလည်း ခန်းခြောက်သွားတဲ့အတွက် ဒေသခံတွေဟာ မြစ်ကမ်းစပ်ကနေပဲ ရေကို ရနိုင်တာပါ” လို့ ဒေသခံ ဆူနာဒီ ဆိုသူက ရိုက် တာ သတင်းဌာနကို ပြောပါတယ်။
“စပါးလိုမျိုး ကောက်ဲပဲသီးနှံပင် တွေအကုန် ဒီမှာ ညှိုးနွမ်းကုန်ပြီ။ ဆေးရွက်ကြီးကတော့ ရှင်သန်နိုင်ပေမယ့် အပင် ကြီးမ လာတော့ဘူး။ ဒါကြောင့် မြစ်ကြမ်းပြင်ကို တူးဖော်လို့ရတဲ့ ရေရသလောက်နဲ့ပဲ လောင်းကြရတယ်။”လို ဆူနာဒိ ကပဲ ပြော ပါ တယ်။
ဆူနာဒိတို့ရဲ့ ရွာမှာ ရေတွင်းတွေထဲ ရေကုန်သွားတာ ဇွန်လကတည်းကမို့ ခုဆိုရင် မြစ်ကြမ်းပြင်ကိုပဲ တူးဆွပြီး ရေရှာကြရ တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီ (BMKG) ကလည်း အချိန်အကြာကြီး ပူပြင်းခြောက်သွေ့တဲ ရာသီဥတုကို ဖြစ်စေတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်က ဂျာဗားကျွန်း၊ ကလီမန်တန် မြောက်ပိုင်းဒေသအားလုံးနဲ့ ကမ်းရိုး တန်းဒေသတွေ အပါ အဝင် ပြင်းထန်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ပါတယ်။
Ref: Reuters
ပုံစာအညွှန်း။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားက သွေ့ခြောက်နေတဲ့ စပါးခင်းတစ်ခုကို ဖြတ်လာတဲ့ ကျောင်းသူလေးနှစ်ယောက်
Feature Image Credit: CNA/Wisnu Agung Prasetyo