အမြန်လမ်း မိုင်တိုင် ၁မိုင်/၁ဖာလုံ မှာ ကားတိုက်မှုဖြစ်

၁၆ နိုဝင်ဘာ၊၂၀၂၃

လှည်းကူးမြို့နယ် ၊ အမြန်လမ်း မိုင်တိုင် ၁မိုင်/၁ဖာလုံ အနီးမှာ ယာဥ်တိုက်မှု့ကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ၁၆ရက်နေ့ မနက် ၅နာရီခန့်က တွေ့ရှိခဲ့တာဖြစ်ပြီး မြို့နယ်ဆေးရုံမော်ကျူရီကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ယာဥ်တိုက်မှု့ကြောင့် သေဆုံးသွားသူဟာ ဦးဇော်မင်းထွန်း

(အသက် – ၄၅ ခန့် ဖြစ်တယ်လို့ဆိုပြီး ကရုဏာရှင်အသင်းက သွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်ကို ရဲစခန်းကစစ်ဆေးနေဆဲလို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *