အမြန်လမ်းမှာ ယာဉ်မှောက်မှုဖြစ်

၂၄ နိုဝင်ဘာ၊၂၀၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ ပေါ်မှာဒီကနေ့၊ ညနေ၅နာရီခွဲအချိန်ခန့်က ၊TOYOTA PROBOX (ခဲရောင်) ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သံဘောင်တန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာကြောင့်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ပါလာသူ ကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ ကျား(၁)ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ကို မြို့ချောင်းဆေးရုံကို ဥသျှစ်ကုန်းအမြန်းလမ်းမီးသတ်စခန်းကမီးသတ်တပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *