အမြန်လမ်းမှာ ကုန်တင်ယာဥ်တစ်စီး ယာဥ်တိုက်မှုဖြစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃/၂) နှင့်(၂၃/၃) ကြားမှာ အောက်တိုဘာလ၁၇ရက်မနက်၁နာရီ၃၅မိနစ်က ကုန်တင်ယာဥ်တစ်စီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။

Photo-MFSD

ယာဥ်တိုက်မှုဖြစ်ပွားရာကို ဘောနတ်ကြီးအမြန်လမ်းမီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်လုပ်ငန်းများ သွား ရောက် ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် (၁)ဦး သေဆုံး၊(၁)ဦး ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ) တို့ကို အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *