၁၀ ဖေဖော်ဝါရီ ၊၂၀၂၄
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံစစ်ဆေးရေးဂိတ်အနီးမှာ ကား၅ စီးဆင့်တိုက်မူဖြစ်ပွားခဲ့ပြီးနှစ်ဦးသေဆုံးကာ ၁၀ဦးနီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူအချို့ဆီက သိရပါတယ်။


“Express 2 စီး ကားလေး 3 စီးပါ။ စစ်ဆေးရေးဂိတ် တန်းနေတုနိး နောက်ဆုံး express ကဝင်တိုက်တာပါ။”လို့မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်ယာဉ်နဲဲ့ ခိုင်မန္တလေး ခရီးသည်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘဲ Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါသူစုစုပေါင်း၆ဦးအနက် အမျိုးသား၁ဦး၊ သေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှပါလာသူ(၃)ဦး အနက်၊ အမျိုးသား၁ဦးသေဆုံးပြီး၊ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ၊ Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ အမျိုးသား၁ဦး ထိခိုက်ဒဏ်ရာ ရရိခဲ့တာလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


“Custom ပေါ် ၁ဦးRav 4 ပေါ် က၂ ဦး သေတာတွေ့ခဲ့ရတယ်။အခင်းဖြစ်တဲ့နေရာမှာရှိနေတာပါ ။158 စစ်ဆေးရေးဂိတ်မှာ တန်းစီနေတာ ။နောက်ဆုံးက သစ်စန်းက ကားနဲ့ ခိုင်မန္တလေး နဲ့ ကြားမှာ custom /celica /rav 4 အစဉ်တိုင်း ရပ်နေတာကို express အစိမ်းသစ်စန်းက ပြေးဆောင့်တာ အရှိန်ပြင်းတယ်”လို့ကိုယ်တိုင်မြင်ခဲ့သူတဦးက အသိပေးပြောကြားထားပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို သာဂရအမြန်လမ်းမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ဆွာလူမှုကူညီရေးအသင်းနဲ့မြို့သစ်လူမှုကူညီရေးအသင်းကသူနာတင်ယာဉ်များနဲ့ တောင်ငူပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



