အမျိုးသားတစ်ဦး ဆိုက္ကားဂိတ်တွင် အိပ်လျက်အနေအထားဖြင့် သေဆုံးနေ

ရန်ကုန်တိုင်းဒေသကြီး၊တာင်ဥက္ကလာပမြို့နယ်တွင်ယနေ့ မေလ ၈ ရက်က ဆိုက္ကားနင်းသည့် အမျိုးသားတစ်ဦး ဆိုက္ကားဂိတ်၌ပင် အိပ်လျက်အနေအထားဖြင့် သေဆုံးနေခဲ့ကြောင်း သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် မေတ္တာသီတာရေစင်ပရဟိတအသင်း က ထုတ်ပြန်ထားသည်။

ယင်းမှာ တောင်ဥက္ကလာ ၄ ရပ်ကွက် သုမင်္ဂလာလမ်းမပေါ် ၊သီလ ၁၀ လမ်းထိပ် ၄/၆ ဆိုက်ကားဂိတ်တွင် ဖြစ်ပြီး သေဆုံးသူမှာ အသက် ၅၀ ကျော် အရွယ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ အရက်သေစာ သောက်တတ်သူ ဖြစ်ပြီး ဆိုက္ကား နင်းပြီးလျှင် ၎င်း ဂိတ်တွင် အိပ်တတ်သူ ဖြစ်ကြောင်း၊ယနေ့ နံနက်က တခြား ဆိုက္ကားနင်းသူများ ဆိုက္ကားဂိတ်သို့ လာရောက်ကြစဉ် အိပ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် မေတ္တာသီတာရေစင်ပရဟိတအသင်း ကို ဆက်သွယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာပိုင်ရှင်မဲ့အလောင်းဖြစ်ပြီး ရုပ်အလောင်းကို စံပြဆေးရုံ ရင်ခွဲရုံ သို့ အခမဲ့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *