အမျိုးသားစာပေဆုရှင် ဆရာညီပုလေး ကွယ်လွန်

မန္တလေးမြို့ခံ အမျိုးသားစာပေဆုရှင် ဆရာ ညီပုလေးဟာ ဇွန်လ၂၁ရက်နေ့ မနက် ပိုင်း မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်များထံကသိရပါတယ်။

“နာရေးက ဘယ်အချိန်ချမလဲဆိုတာတော့ မိသားစုတွေ တိုင်ပင်နေကြတုန်းပါ။ ဆရာညီ ပုလေးရဲ့နာရေးကိုတော့ ၈၄လမ်းနဲ့၃၃လမ်း ထောင့်က လူထုသတင်းစာတိုက်အိမ်မှာပဲ ပြင်ဆင်ထားပါတယ်´´လို့ မြို့ခံစာရေးဆရာ တစ်ယောက်က ပြောပါတယ်။

ဆရာညီပုလေးဟာကွယ်လွန်ချိန်မှာ အသက်၇၁နှစ်အရွယ်ရှိပြီဖြစ်ပြီး လူထု သတင်းစာက ဆရာကြီးလူထုဦးလှနဲ့ ဆရာမ ကြီးလူထုဒေါ်အမာတို့ရဲ့သားသမီးငါးယောက်အနက် အငယ်ဆုံးသားဖြစ်ပါတယ်။

ဆရာညီပုလေးရဲ့အမည်ဟာ ငြိမ်းချမ်း(ခ) ဘိုညိုဖြစ်ကာ ကလောင်အမည်မှာ ညီပုလေး နာမည်နဲ့ ကဗျာ၊ဝတ္ထုတို၊ဝတ္ထုရှည် မြောက်များစွားရေးသားခဲ့ရာ ၂၀၁၆ခုနှစ် မှာ ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်စာအုပ်နဲ့ အမျိုးသားစာပေ ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Visited 41 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *