အမျိုးသမီး ၄၂ ယောက် သတ်ခဲ့တဲ့ တရားခံကို ကင်ညာရဲတွေက ဖမ်းမိ

နိုင်ရိုဘီ၊ ဇူလိုင် ၁၆

ကင်ညာနိုင်ငံမှာ အချိန် နှစ်နှစ်အတွင်း အမျိုးသမီး ၄၂ယောက်အထိ  သတ်ဖြတ်ခဲ့တဲ့ တရားခံအမျိုးသားကို ကင်ညာရဲတပ်ဖွဲက ဇူလိုင် ၁၅ရက် တနင်္လာနေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

 ကောလင်း ဂျာမိုက်ဆီ လို့ ခေါ်တဲ့ အသက် ၃၃ နှစ်အရွယ် ကင်ညာ အမျိုးသားက အမျိုးသမီး ၄၂ယောက်အထိသတ်ဖြတ်ကာစွန့်ပစ်ခဲ့တာ ဖြစ်ပြီး အမှု ပေါ်ပေါက်ပြီး တရားခံကို ဖမ်းမိချိန်မှာတော့ အမျိုးသမီးအလောင်း ကိုးလောင်းပဲ ပြန်ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲက ပြောပါတယ်။

တရားခံကိုတော့ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီမှာ  နိုင်ရိုဘီမြို့တော်အရှေ့ဘက်ကို ယူရို ၂၀၂၄ ဘောလုံးဖိုင်နယ်ကို သွားကြည့်တဲ့ အချိန်  ကလပ်အပြင်ဘက်မှာ ဖမ်းဆီးမိခဲ့တဲ့အကြောင်း  ကင်ညာရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေး ဒါရိုက်တာ မိုဟာမက် အာမင်က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးမေးမြန်းရာမှာ အမျိုးသမီး ၄၂ယောက်ကို  ဖြားယောင်း၊ သတ်ဖြတ်ကာ စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အားလုံးကို ၂၀၂၂ ခုနှစ် ကြာသပတေးနေ့ ကနေ ၂၀၂၄ခုနှစ်  ဇူလိုင်လ ၁၁ ရက် ကာလတွေမှာ ကျူးလွန်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

 လတ်တလောမှာတော့ စစ်မေးရသမျှကို ရဲတပ်ဖွဲက အသေးစိတ် ထုတ်ပြန်ပေးတာမျုး မရှိသေးဘူးလို့ သိရပါတယ်။

ယာယီရဲစစ်ဆေးရေးမှူးချုပ် ဒေါက်ကလပ်စ် ကန်ဂျာကတော့ ရထားတဲ့ ရုပ်အလောင်း ကိုး လောင်းကို ရင်ခွဲစစ်ဆေးမှုလုပ်နေတယ်လို့ ထုတ်ပြန်ချက်ထုတ် ဖော်ပြထားတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ တရားခံ ကောလင်း ဂျာမိုက်ဆီကို တွေ့ရပုံ

Feature Image Credit: Directorate of Criminal Investigation

Visited 75 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *