အမျိုးသမီးနှစ်ဦးသယ်လာတဲ့ ကျပ်၁ဒသမ၂ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ သာစည်မှာ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေး ရွာအနီးမှာ အောက်တိုဘာလ၇ရက်နေ့ည၁၀နာရီက ခရီး သည်တင်ကားတစ်စီးပေါ်လိုက်ပါလာတဲ့ အ မျိုးသမီးနှစ်ဦးသယ်လာတဲ့ ကာလတန်ဖိုးငွေ ကျပ် ၁ဒသမ၂ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ အောက်တိုဘာလ၇ရက်နေ့ည၁၀နာ ရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး ခရီးသည်တင်Express ယာဥ်တစ်စီးကို ရှာဖွေခဲ့ရာ ခရီးသည် မထူးမြတ်နေ့သွယ် နှင့်နှင်းဝေဖြိုးတို့ရဲ့ ခရီးဆောင်အိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်း ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးကို သယ်ဆောင်လာတာလို့ သိရှိရပါတယ်။

စိတ်ပြောင်းဆေးဝါးများကိုသယ်ဆောင်လာတဲ့ မထူး မြတ်နေ့သွယ်နှင့်မနှင်းဝေဖြိုးတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *