မြန်မာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် MFF ၏ ဥက္ကဋ္ဌ ဦးဇော်ဇော် အများရှေ့ ပြန်ပေါ်လာကာ အာရှချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့သည့် Urawa Red Diamonds အသင်းကိုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။


၂၀၂၂ အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲ ဒုတိယအကျော့ကို ဂျပန်နိုင်ငံ Urawa Red Diamonds အသင်းနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ AL HILAL SAUDI FC အသင်းတို့ ဂျပန်နိုင်ငံတွင် မေလ ၆ ရက်က ဒုတိယအကျော့ ယှဉ်ပြိုင်ခဲ့ကြစဉ် Urawa Red Diamonds အသင်းက အနိုင်ရရှိခဲ့ပြီး တတိယ အကြိမ်မြောက် ချန်ပီယံ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ဦးဇော်ဇော်က အကောင်းဆုံး ကစားသမားဆုရရှိသည့် Hiroki Sakai ကိုလည်း ဆုပေးအပ်ခဲ့ကြောင်း သိရသည်။
