အမ်အက်ဖ်ပီပါတီခေါင်းဆောင် ပီတာလင် မ်ဂျရိုယင်ရတ်ကို ဇနီးဟောင်း ရုပ်ရှင် မင်းသမီးနဲ့အဆိုတော် တိုင်းက ဝန်းရံပေးနေ

ထောက်ခံမဲအများဆုံးရခဲ့တဲ့ အမ်အက်ဖ် ပီပါတီရဲ့ ခေါင်းဆောင် အသက်၄၂နှစ် အရွယ် ပီတာ လင်မ်ဂျရိုယင်ရတ်ဟာ (၈) ပါတီညွန်းပေါင်းအင်အားစုရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်အဖြစ်အာ ဏာရဖို့ အစိုးရဖွဲ့ဖို့ မဆုတ်မနစ်သောဇွဲနဲ့ ဆက်လက်ကြိုးပမ်း နေဆဲဖြစ်တယ်။

ဖျက်သိမ်းခံခဲ့ရတဲ့ အက်ဖ်အက်ဖ်ပီပါတီ ခေါင်းဆောင်ရဲ့ မြှောက်စားမှုကြောင့် ထိုင်းပါလီမန်ထဲအထိရောက်ခဲ့တဲ့ ပီတာဟာ ဒီပွဲမှာ ဝန်ကြီးချုပ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ မိမိကိုယ်မိမိယုံကြည်မှုအလွန်ခိုင်မာနေပုံရတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြတယ်။

သူ့ကို ကွာရှင်းပြတ်စဲခဲ့တဲ့ ဇနီးဟောင်း ရုပ်ရှင်မင်းသမီးနဲ့အဆိုတော် တိုင်းက အဆက်အသွယ်ပြန်လုပ်ပြီး ဝန်းရံပေးခဲ့လို့ ဒီလောက်အထိ ယုံကြည်မှုခိုင်မာနေတာ ဖြစ်လိမ့်မယ်လို့ သူနဲ့ ပုဂ္ဂိုလ်ရေးနီးစပ်သူ တွေကပြောတယ်။

ပီတာဟာ ဇနီးတိုင်းအပေါ် အလွန်သဝန်တို ရာကနေ ချစ်စရာကောင်းတဲ့ သမီးလေး ပီ ပင်းမ်မွေးပြီးမှ ကတောက်ကဆဖြစ်ပြီး ခင်ပွန်းက အိမ်တွင်းအကြမ်းဖက်မှုကျူး လွန်တယ်လို့ တိုင်းက တိုင်ကြားခဲ့ဖူးတယ်။ အဲဒီနောက်လင်မယားကွာရှင်းလိုက်ကြ တယ်။

အခုသူတို့နားလည်မှုပြန်ရပြီး မိသားစုပြန် လည်စုစည်းမိကြမှာကို အများက မျှော် လင့်နေကြပါတယ်။

Ref : Vietnam Post

Photo : The Nation Thailand

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *