တရုတ်ရဲ့ လက်ဦးတုံ့ပြန်စကားကတော့ ဒီလို တွေ့ဆုံမှုက“တရုတ်တစ်ပြည်တည်း” မူကို ချိုးဖောက်ရာ ရောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုဘယ်နည်းနဲ့မှ အထောက်အကူ ပြုမှာ မဟုတ်ဘူး….. ဆိုတာပဲ ဖြစ်ပါတယ်….။

Photo Credit: AP
တရုတ်နဲ့ ထိုင်ဝမ် ငြိမ်းငြိမ်းချမ်းချမ်း ပြန်ပြီးပေါင်းစည်းဖို့အရေး တရုတ်နိုင်ငံကတော့ သူတို့ ပိုင်းဖြတ်ထားတဲ့ ရည်မှန်းချက် တွေကို ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ ဆိုင် အင်းဝမ် က ၂၀၂၃ ဧပြီလ ၅ ရက်က အမေ ရိ ကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကီဗင် မက်က္ကာသီ နဲ့ တွေ့တုန်းအခိုက်မှာ အလေးထား ပြောဆို လိုက်ပါတယ်။
ရေလက်ကြားတစ်လျှောက်မှာ နှစ်ဘက် တင်းမာမှုတွေ ဆက်လက်တိုးလာနေချိန်မှာ ပေကျင်းဟာ လာမယ့်နှစ် ထိုင်ဝမ် သမ္မ တ ရွေးကောက်ပွဲမတိုင်မီမှာတော့ လက်ရှိအခြေအနေကို စောင့်ကြည့်နေဦးမယ့် သဘောထား ရှိနေတယ်လို့ လေ့လာ သူ တွေ က ယုံကြည်နေကြပါတယ်။
သံတမန် မဟာမိတ်များ ဆုံးရှုံးခြင်း
၂၀၁၆ ခုနှစ် မစ္စဆိုင် ရာထူးတက်လာပြီးကတည်းက ထိုင်ဝမ်ဟာ သံတမန်မဟာမိတ်ကိုးဦး အထိဆုံးရှုံးခဲ့ တယ် လို့ မှတ် တမ်း အထောက်အထားတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဟွန်ဒူးရပ်စ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ဆယ်စုနှစ်များစွာ ကြာအောင် တည်မြဲခဲ့တဲ့ ဆက်ဆံရေးကို အဆုံးသတ် ခဲ့ပြီး တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက “ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပြတ်တောက်သွားတဲ့နောက် ကျွန်တော် တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဟွန်ဒူးရပ်စ်နဲ့ သံတမန်ဆက်ဆံရေးကို ထိထိရောက်ရောက် ရပ်တန့်လို က်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ပြောပါတယ်။
ထိုင်ဝမ်သမ္မတအနေနဲ့ ဂွာတီမာလာနဲ့ ဘီလစ်ဇ် ကိုသွားမယ့် ခရီးစဥ်တစ်လျှောက် အမေရိကန်မှာ တစ်ထောက် နားတဲ့ ခရီး မတိုင်မီ ရက်ပိုင်းလေး အလိုမှာပဲ ဗဟိုအမေရိကနိုင်ငံ ဖြစ်တဲ့ ဟွန်ဒူးရပ်စ် ရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ တာလည်း ဖြစ်ပါ တယ်။
လက်ရှိမှာတော့ ထိုင်ဝမ်ရဲ့ ပေါ်ပေါ်ထင်ထင် သံတမန်မဟာမိတ်နိုင်ငံဟာ ၁၃ နိုင်ငံသာဖြစ်ပါတယ်။
မစ္စ မက်က္ကာသီနဲ့ မစ္စဆိုင် တို့ရဲ့ တွေ့ဆုံမှုဟာ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဖို့ မျှော်လင့်ထားပြီး ဒါဟာ လက်တုံ့ ပြန်တဲ့ လုပ်ရပ်တစ်ခု လို့လည်း လေ့လာသူတွေက ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီဟာ တရုတ်နိုင်ငံက ပြင်းပြင်း ထန်ထန် သတိပေး နေတဲ့ကြားက ထိုင်ဝမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် သွားပြခဲ့တာ ကလည်း တစ်ကမ္ဘာလုံး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
အဲ့ဒိလို နန်စီ ပေလိုစီရဲ့ ခရီးစဥ် နဲ့ပတ်သက်ပြီး တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ သူ့ရဲ့ အကြီးမား ဆုံး စစ်ရေး လေ့ကျင့်မှုတစ်ခု လုပ်ပြီး တုံ့ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။
လက်တွေ့ ဖြစ်နိုင်ချေ
ဒီနေ့အချိန်မှာ မက္ကာသီနဲ့ ဆိုင်တို့ရဲ့ တွေ့ဆုံမှုကြောင့် တရုတ်ဘက်က ကြီးမားတဲ့ မကြုံစဖူး စစ်ရေးလေ့ကျင့်မှု တစ်ခု ထပ် ဖြစ် လာလေမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးအကဲခတ်လေ့လာသူတွေကတော့ အခြား ဘက်က လှည့်ပြီး စဥ်းစားတာကို တွေ့ရပါတယ်။
နိုင်ငံရေး သုတေသီ တစ်ယောက်ဖြစ်တဲ့ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ ပန် ကျင်း ပန်ကတော့ “ အခု ထိုင်ဝမ်-အမေရိကန် တွေ့ဆုံမှုက ထိုင်ဝမ်မှာ မဟုတ်ဘဲ အမေရိကန်မှာ တွေ့တာဖြစ်လို့ အခု တွေ့ဆုံမှုက သက် ရောက်မှု အားနည်းပါတယ်”…… ဒါကြောင့် နန်စီ ပေလိုစီ ထိုင်ဝမ်ကို လာတုန်းကလို ပြင်းထန်တဲ့ ရိုက်ခတ် မှုတွေ မရှိနိုင်ဘူး” လို့ သုံးသပ်ပြပါတယ်။
ချုံပြောရရင်တော့ အခုလို ထိုင်ဝမ်ခေါင်းဆောင်က အမေရိကန် နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဥ်ဟာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံ အကြား ကြီးမားကျယ်ပြန်တဲ့ ပြသနာတွေ လတ်တလောမှာ ဖြစ်ပေါ်လာနိုင်ခြေ မရှိဘူးလို့ဘဲ နိုင်ငံရေးသုတေသီတွေက သုံးသပ်လိုက်တဲ့အကြောင်း ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
Ref: CNN,CAN,AP