ဘေကျင်း၊ ဩဂုတ် ၁၀
တရုတ်နည်းပညာဆိုင်ရာ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်မယ့် အမေရိကန်ရဲ့ မူဝါဒသစ်က “ကမ္ဘာ့စက်မှု လုပ် ငန်း နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်” လို့ ဩဂုတ် ၁၀ရက်နေ့ ကြာသပတေး နေ့မှာ ဘေကျင်းက ထုတ်ဖေါ်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမှုဆောင်အမိန့်ဟာ “အမေရိကန်က အမြဲတမ်း မြှင့်တင်ထားတဲ့ စျေးကွက်စီးပွားရေးနဲ့ တရားမျှ တတဲ့ ပြိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းတွေဆီကနေ ပြင်းထန်စွာ သွေဖည်သွားကာ ကုမ္ပဏီတွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာ ဆုံး ဖြတ်ချက်တွေကို ထိခိုက်စေသလို နိုင်ငံတကာ ကုန်သွယ်မှု အစီအစဉ်ကိုပါ ထိခိုက်စေပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ပြင်းထန်စွာ အနှောင့်အယှက် ဖြစ်စေတယ်”လို့လည်း ပါရှိပါတယ်။
ဒိအပြင် ဘေကျင်းကပဲ ဆက်ပြောဆိုလိုက်တာက“တရုတ်က ဒီကိစ္စကို အလေးအနက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပြီး အရေးယူဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်” လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ တိကျတဲ့ တန် ပြန် ဆောင်ရွက်မှုကို ဖော်ပြထားတာမျိုး မရှိဘဲ အလွတ်သဘော ပြောဆိုခဲ့ပါတယ်။
အကျိုးဆက်အနေနဲ့ ဒီအားပြိုင်မှုက ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုကို ဖြစ်ပေါ်စေနိုင်တယ် ဆိုပြီး လည်း အကဲခတ်သူတွေက သုံးသပ်ပါတယ်။
တစ်ချိန်တည်းဆိုသလို ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကလည်း အခုကိစ္စအပေါ် အရမ်းစိတ်ပျက်မိတယ်လို့ပြောပါတယ်။ ဝါရှင်တန်က တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ အစီအစဉ်နှဲ့ ပတ်သက်ပြီး”တရုတ်ရဲ့ နက်နဲတဲ့ စိုးရိမ်ပူပန် မှုတွေ ကို အိမ်ဖြူတော်က ဂရုမစိုက်ဘူး” ဆိုပြီးလည်း ထောက်ပြ ဝေဖန်လိုက်တယ်လို့ သိရပါတယ်။
Ref: CAN
ပုံစာအညွှန်း။ Central Processing Unit (CPU) semiconductor ချစ်ပ်တစ်ခု ကို တရုတ်နဲ့ အမေရိကန် အလံ နှစ်ခုကြား ရိုက်ကူးထားတဲ့ ပုံတစ်ပုံ
Feature Image Credit: Photo: Reuters/Florence Lo