အမေရိကန်အတွက် စပိုင် လုပ်ပေးနေတယ်ဆိုတဲ့ တရုတ်အစိုးရဝန်ထမ်း တစ်ယောက်ကို ဘေကျင်း ဖော်ထုတ်

ဘေကျင်း၊ ဩဂုတ် ၂၁

အမေရိကန်အတွက် သူလျှိုလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့  အသက် ၃၅ နှစ်အရွယ် ဟောင် လိုခေါ်တဲ့ တရုတ်အစိုးရ ဝန်ထမ်း တစ်ယောက် ကို ဘေကျင်းက ဖော်ထုတ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့ အခု သူလျှိမှုနဲ့ ပတ်သက်ပြီး ဩဂုတ် ၂၁ ရက် တနင်္လာနေ့က  တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) က ထုတ်ပြန်ရာမှာ ဘယ်ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။

ဟောင်ဟာ ဂျပန်နိုင်ငံမှာ ပညာသင်နေတဲ့ အချိန် အတောအတွင်း အမေရိကန် သံတမန်တစ်ယောက်နဲ့ ရင်းနှီးခဲ့ပြီး တရုတ် နိုင်ငံကို ပြန်လာခါနီး အချိန်မှာ  ဟောင့် မိတ်ဆွေ အမေရိကန်သံတမန်ဖြစ်သူက အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင် စီ (CIA) က လူတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စီအိုင်အေ အေးဂျင့်ကပဲ ဟောင့်ကို အမေရိကန် အတွက် သူလျှို လုပ်ပေးဖို့ စည်းရုံးခဲ့တာလို့ ဘေကျင်းက ပြောပါတယ်။

ဒိနောက်တော့ ဟောင်ဟာ တရုတ်အစိုးရဆီမှာ  အစိုးရတွင် အလုပ်မ၀င်မီ အမေရိကန်ရဲ့ လေ့ကျင့်သင်ကြားတာတွေ ခံယူ ပြီး သူလျှိုလုပ်ပေးဖို့  စာချုပ်ချုပ်ခဲ့တယ်လို့  MSS က အခိုင်အမာ ပြောပါတယ်။ ဟောင်ဟာ အစိုရအလုပ်လုပ် နေတုန်းမှာ ပဲ စီအိုင်အေ အရာရှိတွေနဲ့ လျှို့ဝှက်အဆက်အသွယ်တွေ အများကြီး လုပ်ခဲ့တယ်လို့လည်း  ဝန်ကြီးဌာနက ပြောပါတယ်။

အခုလ ဩဂုတ် အစောပိုင်းတုန်းကလည်း အသက်၅၂နှစ်အရွယ် ဇန် ဆိုသူက တရုတ်ပြည်က လျှိဝှက်ချက်တွေ အမေရိကန် ကို ပေးပို့ပြီး သူလျှိုလုပ်တဲ့ အမှုတစ်ခုကို ဖော်ထုတ်ခဲ့ပါသေးတယ်။

စီအိုင်အေ အေးဂျင့်ဟာ  ဇန်နဲ့ သူ့မိသားစုကို  အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ငွေတွေအများကြီးပံ့ပိုးပေးပြီး “တရုတ်စစ်တပ်နဲ့ ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေ” ပေးပို့ဖို့ ဇန့်ကို စည်းရုံးခဲ့တယ်လို့ MSS က ပြောပါတယ်။

ဘေကျင်းရဲ့ နောက်ဆုံးပြဌါန်းလိုက်တဲ့ ဥပဒေသစ်အရ နိုင်ငံတော်လုံခြုံရေးနှဲ့ အကျိုးစီးပွားဆိုင်ရာ သက်ဆိုင်တဲ့ အချက် အလက်တွေကို  ခွင့်ပြုချက်မရှိဘဲ ရယူခြင်းဟာ သူလျှိုမှုကျူးလွန်တာ ဖြစ်တယ်လို့ မှတ်ယူနိုင်တယ့် ဆိုတဲ့ အချက်တစ်ခုကို ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

Ref: AFP

Feature Image Credit: Reuters/Florence Lo)

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *