အမေရိကန်၊ ရုရှားတို့ အစ္စရေးနဲ့ ပါလက်စတိုင်းကိစ္စ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ပြင်ဆင်နေ

သဟိတ်ဂ်၊ ဖေဖေါ်ဝါရီ ၂၂

အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံတို့ဟာ အစ္စရေးက ပါလက်စတိုင်း နယ်မြေတချို့ကို လက်ရှိ ဖြစ်နေတဲ့ ဂါဇာတိုက်ပွဲ ကာလထဲမှာ သိမ်းပိုက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ တရားရုံးချုပ်မှာ မျက်နှာဆုံညီ ဆွေးနွေကြဖို့ ရှိတယ်လို့ သိရပါတယ်။

အဲ့ဒိကိစ္စရပ်နဲ့ ပတ်သက်ပြီး  အမေရိကန်နဲ့ ရုရှားတို့ဟာ  ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးရဲ့ သိမ်းပိုက်ထားမှုက တရားဝင်မှု ရှိ၊မရှိကို စစ်ဆေးဖို့  ကုလသမဂ္ဂရဲ့  အမြင့်ဆုံးတရားရုံးမှာ ဖေဖော်ဝါရီ ၂၂ ရက် ကြာသပတေးနေ့မှာ ဆွေးနွေမှုတွေ စတင်မယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)  ဆိုပြီးလည်း လူတွေ သိကြတဲ့ ကမ္ဘာ့တရားရုံးဟာ အခုလို ပါလက်စတိုင်းနယ်မြေတွေ  သိမ်းပိုက်ခံရမှုရဲ့ တရားဝင်အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စည်းနှောင်မှုမရှိတဲ့ သဘောထားအမြင်တစ်ရပ်ထုတ်ပြန်ဖို့ ၂၀၂၂ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တောင်းဆိုချက် တစ်ရပ်လုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတောင်းဆိုချက်ကို ၂၀၂၂ခုနှစ်မှာပဲ အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးငြင်းခုန်တာတွေကို ဖေဖေါ်ဝါရီ ၂၆ရက်နေ့ အထိ ပြုလုပ်မှာ ဖြစ်သလို အဲ့ဒိ ဆွေးနွေပွဲတွေထဲမှာ ပြင်သစ်နဲ့ အီဂျစ်နိုင်ငံလည်း ပါလာဖို့ ရှိနေတယ်လို့  နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

ဖေဖေါ်ဝါရီ ၂၀ရက် အင်္ဂါနေ့က  တောင်အာဖရိက အပါအဝင် နိုင်ငံတချို့ကလည်း  သိမ်းပိုက်လိုက်တဲ့ နယ်မြေတွေနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့  အပြုအမူအပေါ် တခဲနက် ပြစ်တင်ဝေဖန်ခဲ့ကြပြီး အများအပြားက သိမ်းပိုက်မှုကို တရားမဝင်ကြောင်း ကြေညာဖို့ တရားရုံးကို တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

Ref: REUTERS

ပုံစာ။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က  အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးဟာ  လူမျိုးတုံးသတ် ဖြတ်မှု ဖြစ် တယ်လို့  တောင်အာဖရိကရဲ့ စွပ်စွဲချက်ကို နိုင်ငံတကာတရားရုံး (ICJ) က တရားသူကြီးတွေက ကြားနာနေပုံ

Feature Image Credit: REUTERS/Piroschka van de Wouw

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *