တိုကျို၊ နိုဝင်ဘာ ၁၃
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ကာကွယ်ရေးဦးစီးချုပ်တွေက မြောက်ကိုရီးယားဒုံးကျည်တွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုအချိန်နဲ့ တစ်ပြေးညီ ဒေတာမျှဝေမယ့် အစီအစဉ်ကို လာမယ့် ဒီဇင်ဘာလထဲမှာ စတင်ဖို့ သဘောတူခဲ့တဲ့အကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ရက် တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ် နဲ့ နိုဝင်ဘာ ၁၂ ရက် က ဆိုးလ်းမှာ တွေ့ဆုံခဲ့ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူ ကီဟာရာ နဲ့လည်း အွန်လိုင်းက နေတွေ့ပြီး ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
သုံးနိုင်ငံဝန်ကြီးတွေဟာ ပြင်းထန်တဲ့ လုံခြုံရေးပတ်ဝန်းကျင်တွေကို ရင်ဆိုင်ရာမှာ သုံးဦးသုံးဘက်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုကို အားကောင်းစေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ကီဟာရာ က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အခုလို ဝန်ကြီး သုံးယောက် အစည်းဝေးပွဲ လုပ်တာဟာ ပထမဆုံးအကြိမ် လို့လည်း သူက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်ကိုးရီးယားသမ္မတ ယွန်ဆူးယိုလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့ သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ သုံးနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်သတိ ပေးချက် အချက်အလက် တွေကို အချိန်နဲ့ တပြေးညီ အပြန်အလှန် မျှဝေပေးကြဖို့ သဘော တူခဲ့ကြတာ ဖြစ် ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာနဲ့ အတူ ကုလသမဂ္ဂရဲ့ ဆုံးဖြတ် ချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ အတွက်လည်း ရှုတ်ချတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန် ချက် မှာဖော်ပြခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကလည်း အရေးကြီးကြောင်း အလေးပေး ပြောခဲ့တယ်လို့လည်း သိရပါတယ်။
Ref: Reuters/rc
ပုံစာ။ မြောက်ကိုရီးယားက ရေတပ်စစ်သင်္ဘောတစ်စီးပေါ်မှာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်စမ်းသပ်မှုတစ်ခု ၂၀၂၃ ဩဂုတ်လမှာ ပြုလုပ်နေပုံ
Feature Image Credit: KCNA via Reuters