အမေရိကန်အောက်လွှတ်တော်က ယူကရိန်း၊ထိုင်ဝမ်နဲ့ အစ္စရေးတို့ကို အကူအညီပေးရေးရံပုံငွေ  ၉၅ ဘီလီယံကျော် အတည်ပြု့

ဝါရှင်တန်၊ ဧပြီ ၂၁

သဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်တွေရဲ့  ခါးသီးတဲ့ ကန့်ကွက်မှုတွေကြားကပဲ ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို  လုံခြုံရေးဆိုင်ရာအကူအညီပေးရေးရံပုံငွေအမေရိကန် ဒေါ်လာ ၉၅ ဘီလီယံ ကို စနေနေ့ ဧပြီ ၂၀ ရက်က  အမေရိကန် အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့  နှစ်လကျော်က အလားတူအစီအစဥ်ကို အတည်ပြုခဲ့ပေမယ့် ကန့်ကွက်မှုတွေကြောင့် အတည်မဖြစ်ခဲ့ပါဘူး။  ဒိ့အတွက် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်က  အထက်လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ်မစ်ခ်ျ မက်ကွန်နဲလ်၊ အထက်လွှတ်တော် ထိပ်တန်း ရီပတ်ဘလီကန် အမတ် မိုက် ဂျွန်ဆင် တို့ကို ဆင့်ခေါ်ကာ  မဲခွဲဆုံးဖြတ်ဖို့   တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

အထက်လွှတ်တော် အနေနဲ့ကတော့  ဒီနေ့ ဧပြီ ၂၀ နေ့မွန်းလွဲပိုင်းမှာ  ပဏာမမဲတချို့နဲ့ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့  ဥပဒေကြမ်းကို အင်္ဂါနေ့မှာ စတင်စဉ်းစားဆုံးဖြတ်မှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ သမ္မတက ဥပဒေ အဖြစ်လက်မှတ်ထိုး အတည်ပြု့ပေးရမှာဖြစ်ပါတယ်။

အဲဒိ ဥပဒေကြမ်းတွေဟာ  ယူကရိန်းပဋိပက္ခအတွက်  အမေရိကန်ဒေါ်လာ ၆၀ဒသမ ၈၄ ဘီလီယံ အစ္စရေးအတွက် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံနဲ့  ထိုင်ဝမ်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၂ ဘီလီယံ အသီးသီး ပံ့ပိုးပေးမယ်အစီအစဉ်ပဲ ဖြစ်ပါတယ်။

Ref: Reuters

ပုံစာ။ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် ကာပီတိုလ် အဆောက်အအုံမှာ ဧပြီ ၂၀ က မီဒီယာတွေနဲ့ တွေ့ဆုံနေစဉ်

 Feature Image Credit: REUTERS/Ken Cedeno

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *