
တိုင်ပေ၊ ဩဂုတ်၂၆
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ လက်နက်ကိုင် ဝန်ဆောင်မှု ကော်မတီ ရဲ့ တာဝန်ရှိသူ အမေရိကန် လွှတ်တော်အမတ်တစ်ဦး ၂၀၂၂ ဩဂုတ်လ အတွင်းမှာပဲ တတိယအကြိမ်မြောက် အလည်အပတ်ခရီးစဉ်အဖြစ် ထိုင်ဝမ်ကို ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်) က ရောက်ရှိခဲ့ပါတယ်။ သူဟာ ထိုင်ဝမ်ခရီးစဉ်ကို ရပ်ဆိုင်းဖို့ ပေကျင်းရဲ့ ဖိအားပေးမှုကို ဖီလာဆန့်ကျင်ပြီး အခုလို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
အထက်လွှတ်တော်အမတ် မာရှာ ဘလက်ဘန်း ဟာ ထိုင်ဝမ်မြို့တော် ထိုင်ပေကို အမေရိကန် စစ်လေယာဉ်နဲ့ ရောက်ရှိလာချိန်မှာတော့ ဆုန့်ရှန် လေဆိပ်ကနေ တဆင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ ခရီးဆိုက်ရောက်ချိန်မှာ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်ကလပ်စ် ရှူးစ်က လေဆိပ်ကတ္တရာလမ်းပေါ်အထိလာပြီး ကြိုဆိုခဲ့တယ်လို့ မာရှာ ဘလက်ဘန်းရဲ့ ရုံးက တာဝန်ရှိသူက ပြောပါတယ်။
တိုင်ပေဟာ အင်ဒို-ပစိဖိတ်ဒေသမှာ ကျွန်ုပ်တို့၏ အခိုင်မာဆုံးမိတ်ဖက်ဖြစ်တဲ့အတိုင်း တိုင်ပေကို အဆင့်မြင့်ခရီးစဥ် အဖြစ် ပုံမှန်သွားရောက်လည်ပတ်တယ်ဆိုတဲ့ကိစ္စဟာ ကာလရှည်ကြာ အမေရိကန်ရဲ့ မူဝါဒဖြစ်တယ်” လို့ ဘလက်ဘန်းက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် “ကွန်မြူနစ်တရုတ်တို့ရဲ့ အနိုင်ကျင့်မှုတွေကို ဒီကျွန်းပေါ်ပြန်လှည့်ဖို့ ငါလုပ်မှာမဟုတ်ဘူး။” လို့ ဘလက်ဘန်းက ထပ်လောင်းပြေဆိုပါတယ်။
ထိုင်ဝမ်ကို သူတို့ ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုထားတဲ့ တရုတ်နိုင်ငံဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုဆီတစ်ယောက် သြဂုတ်လအစောပိုင်းက တိုင်ပေကို လာရောက်လည်ပတ်ပြီးတဲ့နောက် ထိုင်ဝမ်ကျွန်းအနီးပတ်ဝန်:ကျင်မှာ တရုတ်တို့က အင်အားပြ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
စနေနေ့မှာ ပြီးဆုံးမယ့် သူ့ရဲ့ခရီးစဉ်အတွင်းမှာ ဘလက်ဘန်းဟာ သမ္မတ ဆိုင်အင်ဝန် အပါအဝင် လုံခြုံရေး ထိပ်တန်း အရာရှိ ဝယ်လင်တန် ကူး၊နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝူ တို့ နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ကြောင်းလည်း သိရပါတယ်။
ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လု ဖန်ယူ က ဘေဂျင်း အနေနဲ့ အမေရိကန်ရဲ့ ရန်စမှုတွေ ကို တုံ့ပြန်ဖို့ရန်အတွက် သတ်မှတ်ချက်ထားမထားတဲ့ “ပြတ်သားတဲ့ တန်ပြန်အရေးယူမှုတွေ ” လုပ်မှာပါလို့ ကတိပြု ပြောဆိုခဲ့ပါတယ်။
“ဒီ ခရီးစဉ်က အမေရိကန်ဟာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်မှုကို မမြင်လိုဘူးဆိုတာကို သက်သေပြခဲ့တာဖြစ်ပြီး နှစ်ဘက်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေကို နှိုးဆော်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတာခဲ့တာကိုလည်း သက်သေပြလိုက်တာဖြစ်တယ်” လို့ လု ဖန်ယူ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်က ရီပတ်ဘလီကန်တစ်ဦးဖြစ်တဲ့ ဘလက်ဘန်းဟာ အစောပိုင်းတုန်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင် ပယ်လိုစီ ရဲ့ ခရီးစဉ်အတွက် ထောက်ခံပြောဆိုခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။
Ref: cna