မော်စကို၊ ဇူလိုင် ၁
ကမ္ဘာကျော်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ကန်နေ ဝက်စ် တစ်ယောက် ရုရှားနိုင်ငံကို အလည်အပတ်ရောက်နေတယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်ပါတယ်။
အမေရိကန် ရက်ပ်အဆိုတော်နဲ့ ထုတ်လုပ်သူ ကန်နေ ဝက်စ်ဟာ မော်စကိုမြို့ကို အလည်အပတ်ရောက်ရှိနေတဲ့အကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့ ဇွန်လ ၃၀ရက်နေ့က ဖော်ပြခဲ့ပေမယ့် CNN အနေနဲ့ ဒီသတင်းကို အမှန်တကယ် ဟုတ် မဟုတ် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
ရုရှားလူမှုမီဒီယာဝက်ဘ်ဆိုက် VK မှာတော့ “မင်္ဂလာပါ မော်စကို” လို့ ဝက်စ်က ပို့စ်တင်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်နေပေမယ်။ မျက်မြင် တစ်ယောက်မှ ရေရေရာရာ မပြောနိုင်ကြပါဘူး။
တစ်ကယ်လို့ ဒီခရီးစဉ် မှန်ခဲ့တယ်ဆိုရင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ချိန်ကစ မော်စကို ပထမဆုံးရောက်သွားတဲ့ အမေရိကန်တစ်ယောက်အဖြစ် အငြင်းပွားစရာတွေ ဖြစ်လာမှာ မလွဲပါဘူး။
ကန်နီ ဝက်စ်ရဲ့ မန်နေဂျာကို CNN က ဆက်သွယ်ခဲ့ မရခဲ့ဘူးလို့ သိရပါတယ်။
Ref: CNN
ပုံစာ။ အဆိတော် ကန်နီ ဝက်စ်
Feature Image credit: Britannica



