အမေရိကန်အစိုးရရဲ့ကြွေးမြီကိစ္စညှိနှိုင်းမှုမပြီးပြတ်တာကြောင့် သမ္မတဂျိုးဘိုင်ဒင်ရဲ့ သြစတြေးလျနဲ့ပါပူဝါနယူးဂီနီ ခရီးစဉ်ဖျက် သိမ်း

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာသြစတြေး လျနဲ့ပါပူဝါနယူးဂီနီနှစ်နိုင်ငံကို အလည်အ ပတ်သွားရောက်ဖို့စီစဉ်ခဲ့ပေမယ့် ဖျက်သိမ်း လိုက်ရတယ်လို့ မေ၁၆ရက်မှာအိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ကာရင်းယန်းပီယဲက အတည်ပြုကြေညာလိုက်ပါတယ်။

မူလက ဂျိုးဘိုင်ဒင်ဟာ ခုနစ်နိုင်ငံထိပ်သီးညီ လာခံတက်ဖို့ ဂျပန်နိုင်ငံကိုသွားမယ်။ ပြီးရင် သြစတြေးလျနဲ့ ပါပူဝါနယူးဂီနီကို ခရီးဆက် မယ်လို့ စီစဉ်ထားခဲ့တယ်။ ဒါပေမယ့် အခု အစီအစဉ်ဖျက်လိုက်ရပြီ။ အမေရိကန်အစိုး ရကြွေးမြီကိစစ ဆွေးနွေးစရာက အရေးကြီးလို့ ဖျက်လိုက်ရတာလို့ကာရင်းယန်းပီယဲကရှင်းပြတယ်။

ဘယ်လောက်အရေးကြီးသလဲဆိုရင် အဲဒီ ကြွေးမြီကိစ္စညှိနှိုင်းပြေလည်မှုမရရင် ကမ္ဘာလုံးဆိုင်ရာ ကြီးစွာသော ဘဏ္ဍာရေး ကမောက်ကမကြုံရလိမ့်မယ်လို့ ဆိုပါ တယ်။

ပထမဆုံးအနေနဲ့ အမေရိကန်စတော့ရှယ် ယာဈေးကွက်ကြီးပြိုလဲမယ်။ အမေရိကန် အခြေစိုက်ဘဏ်ငယ်တွေ ထပ်ပြီးပြိုလဲမယ်။ လွန်ခဲ့တဲ့ ၂၀၀၈ တုန်းကလို ရုတ်တရက် စီးပွါးရေး ရပ်တန့်သွားမယ်။ အမေရိကန် အလုပ်သမားပေါင်းသန်းနဲ့ချီပြီး အလုပ် လက်မဲ့ဖြစ်မယ်ဆိုတဲ့ဆိုးကျိုးတွေ ပေါ်လာ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ထားပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *