အမေရိကန်အခြေစိုက် Western Digital ရဲ့  အမေရိကန်ဒေါ်လာ ၆၉၃ သန်း ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကို ထိုင်းအစိုးရက အတည်ပြု

ဘန်ကောက်၊ ဩဂုတ် ၂၆

Cloud နည်းပညာနဲ့ ဒေတာစင်တာ ၀ယ်လိုအားတွေ တိုးလာတာမို့ ထိုင်းနိုင်ငံရဲ့  ဟာ့ဒ်ဒစ်ထုတ်လုပ်မှုကို တိုးချဲ့ဖို့ အတွက် အမေရိကန်က ကွန်ပျူတာ ပစ္စည်းတွေ အဓိက ထုတ်လုပ်တဲ့  Western Digital ကုမ္ပဏီ ရဲ့  ဘတ် ၂၃ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၃ သန်း) စီမံကိန်းကို ထိုင်းနိုင်ငံက အတည်ပြုလိုက်တဲ့အကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က တနင်္လာနေ့ (သြဂုတ် ၂၆) မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီ ရင်းနှီးမြှုပ်နှံမှုက   ဘတ်ဘီလီယံ ၂၀၀ တန် ပို့ကုန်တွေ ထုတ်လုပ်နိုင်မှာ ဖြစ်လို့  အလုပ်အကိုင်ပေါင်း တစ်သိန်း (၁၀၀၀၀၀) ) ဖန်တီးပေးလိမ့်မယ်လို့  BOI က ဆိုပါတယ်။

Western Digital ရဲ့ Thai Facility ဟာ လက်ရှိ ထိုင်းနိုင်ငံက လူ ၂၈၀၀၀ ကို အလုပ်ခန့်ထားပြီး ကမ္ဘာ့ ဟာ့ဒ်ဒစ်ထုတ်ကုန်တွေရဲ့  ၈၀ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်နေတယ်လို့ BOI က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ  ဆယ်စုနှစ်အတွင်း ဟာ့ဒ်ဒစ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှု ၈၂ ဒသမ ၆ ဘီလီယံဖိုးကို ခွင့်ပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။အရင်နှစ်က ပြိုင်ဘက် ဟာ့ဒ်ဒစ်ထုတ်လုပ်သူ Seagate ကလည်း ထိုင်းနိုင်မှာ ဘတ် ၁၆ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံမှုကို  တိုးချဲ့ခဲ့ပါတယ်။

အရှေ့တောင်အာရှရဲ့  ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကတော့ အလုံးစုံရင်းနှီးမြုပ်နှံမှု ကမ်းလှမ်းချက်တွေ ထပ်ရပြီး ၂၀၂၄ ခုနှစ်အတွက် ဘတ်၈၀၀ ဘီလီယံအထိရောက်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Ref: Reuters/ec

ပုံစာ။ WESTERN DIGITALရဲ့ ထုတ်ကုန်တချို့ကို တွေ့ရပုံ

Feature Image Credit: BLOCKS & FILES

Visited 64 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *