ရာဖာ၊ မေ ၂၀
ဂါဇာကမ်းမြောင်အလယ်ပိုင်းမှာ တနင်္ဂနွေနေ့ (မေလ ၁၉ ရက်) က အစ္စရေးက အပြင်းအထန်တိုက်ခိုက်ခဲ့လို့ လူ ၃၁ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုက အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလေဗန် တစ်ယောက် အစ္စရေးကို ငြိမ်းချမ်းရေးကိစ္စနဲ့ ရောက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာကမ်းမြှောင်ရဲ့ တောင်ဘက်စွန်းက ရာဖာမြို့ကို ရွေ့ပြောင်းဝင်ရောက်လာပြီး ဒီဒေသကို ဟားမတ်စ်တို့ရဲ့ အမာခံနယ်မြေအဖြစ် သတ်မှတ်ကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာမို့ ဒီနေထိ အရပ်သား ၈သိန်း အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ အမေရိကန်က ပြောဆိုထားပါတယ်။
ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Ezzedine Al-Qassam Brigades က လည်း ရာဖာလမ်းဖြတ်မှာ တပ်စွဲထားတဲ့ အစ္စရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။ အဲဒိလမ်းဟာ လတ်လောပိတ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အရေးကြီးတဲ့ လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီမှာ အစ္စရေး လေယာဉ်တွေက အကြမ်းဖက်ပစ်မှတ် ဒါဇင်ပေါင်းများစွာကို ထိမှန်အောင် တိုက်ခိုက်ခဲ့တယ် လို့ မေ ၁၉ရက်တနင်္ဂနွေနေ့က သတင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ဂါဇာက မေ ၁၈ရက် တိုက်ပွဲ မြင်ကွင်း
Feature Image Credit: Reuters/Rami Zohod



