အမေရိကန်သမ္မဟောင်း ဒေါ်နယ် ထရမ့်   TikTok စသုံး

ဝါရှင်တန်၊ ဇွန် ၄

လာမယ့်  ၂၀၂၄ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အလားအလာကောင်းတွေ ရနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ် တစ်ယောက် ၂၀၁၈ခုနှစ် သူသမ္မတရာထူးတာဝန်ယူထားတဲ့ အချိန်က ပိတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ TikTok ဇွန်လ ၁ရက်နေ့က စ သုံးနေပြီလို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ထရမ့်က TikTokမှာ သူ့ရဲ့ ဗီဒီယိုကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ  သမ္မတအဖြစ် ပြန်အရွေးခံဖို့  ကြိုးစားနေတဲ့အခိုက် လူငယ်တွေကို ဟောဖို့ပြောဖို့ အခုလို TikTokကို သုံးလိုက်တာလို့ လေ့လာသူတွေက ပြောပါတယ်။

စနေနေ့ (ဇွန် ၁ ရက်) ညက  သူ့စတိုင်အတိုင်း ကုတ်အင်္ကျီအပြာရောင်၊ နက်ကတိုင်အနီရောင် ဝတ်ထားတဲ့ ထရမ့်က UFC Fight ပွဲကို ရောက်လာပြီး ပရိသတ်တွေကို နုတ်ဆက်ပါတယ်။ UFC ဥက္ကဌ ကလည်း ထရမ့်နဲ့ ဆယ်လဖီရိုက်ခဲ့ပြီး ဒါဟာ ငါတို့အတွက် ဂုဏ်ယူစရာပါ ဆိုပြီး ဗီဒီယို ကင်မရာဘက် လှည့်ပြီး ပြောလိုက်တဲ့ ကလစ်အတို တစ်ခု TikTok မှာ ထရမ့်ရဲ့ အကောင့်ကနေတင်လိုက်တာပါ။ ကလစ်လေးက ၁၃စက္ကန့်ပဲကြာပါတယ်။

ထရမ့်က က UFC ကွင်းမှာ လူတွေကို နှုတ်ဆက်ပြီး “ဒီလို  လမ်းလျှောက်တာ ကောင်းတယ် မဟုတ်လား” ဆိုပြီး လူတွေကို လှမ်းပြောအပြီး  ကလစ်ကို အသုံးသတ်ထားတာ ဖြစ်ပါတယ်။

ဇွန် ၂ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းအထိ ထရမ့် ရဲ့  @realDonaldTrump အကောင့်မှာ ဖော်လိုဝါ နှစ်သန်းရှိနေပြီလို့ သိရပါတယ်။

Ref: AFP

ပုံစာ။ သမ္မတဟောင်း ဒေါ်နယ် ထရမ့်

Feature Image Credit: 360aproko

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *