အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ယူကရိန်း ကို ရောက်လာ ကြေငြာထားတဲ့ ခရီးစဥ် မဟုတ်လို့ တစ်ကမ္ဘာလုံး အံ့အားသင့်

ယူကရိန်းကို ရုတ်တရက်ရောက်လာတဲ့ သမ္မတ ဂျိုး ဘိုင်ဒန်
Photo Credit: CNN

ကိ့ဖ်၊ ဖေဖေါ်ဝါရီ ၂၀

 သမ္မတ ဂျိုးဘိုင်ဒင် တစ်ယောက်  ယူကရိန်းကို ရုရှားက လုံးလုံးလျားလျားကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက် တစ်ကမ္ဘာ လုံး ထင်မှတ်မထားတဲ့ ခရီးစဥ် တစ်ခု အဖြစ်   ဒီနေ့ ဖေဖေါ်ဝါရီ ၂၀ ရက် တနင်္လာနေ့အစောပိုင်းမှာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ ကို ရောက်ရှိလာခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ဟာ အံ့အားသင့်ဖွယ်ခရီးစဉ်တစ်ခု ကို ရှင်းရှင်းလင်းလင်း လုပ်ပြခဲ့ပြီးတဲ့နောက် မော်စကို အပေါ် စစ်ရေးနဲ ဆိုင်တဲ့ကိစ္စတွေရော အခြား ပိတ်ဆို့မှုအသစ်တွေပါ ထပ်မံ ထုတ်ပြန်ကြေညာလိုက်တယ်လို့ ကနဦး သတင်း တွေ အရ သိရ ပါတယ်။

ဒီခရီးစဥ်ဟာ   ယူကရိန်းအတွက် အမေရိကန်ရဲ့  မယိမ်းယိုင်တဲ့ ထောက်ခံမှုကို ထပ်ပြီး အတည်ပြုလိုက်တာကို သိစေချင် လို့ပါလို့ သမ္မတ ဘိုင်ဒန်က ပြောဆိုလိုက်ပါတယ်။

အမေရိကန်ကို မော်စကိုဘက်က တုံ့ပြန်ခဲ့ပြီး ဒါဟာ ပဋိပက္ခကို အရှိန်မြှင့်ဖို့အတွက် လို့ မော်စကိုက ပြောဆိုနေတယ်လို့ သိရပါတယ်။

Ref:CNN

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *