အမေရိကန်သမ္မတအိမ်ဖြူတော်အနောက်ဆောင်ထဲက အများသုံးစင်ပေါ်မှာ တွေ့ ခဲ့တဲ့ဖြူဖြူအမှုန့်တွေကဘာတွေလဲ

အမေရိကန်နိုင်ငံသားအချို့နဲ့ အမေရိ ကန်ကိုတန်ဖိုးထားသူတွေစိတ်ဝင်စားကြတဲ့ ဝါရှင်တန်မြို့တော်က သမ္မတအိမ်ဖြူ တော်မှာ ဇူလိုင်၂ရက်က မသင်္ကာဖွယ် ဖြူဖြူအမှုန့်အချို့စစ်ဆေးတွေ့ရှိတယ်။ တွေ့တာကလည်းတခြားနေရာမှာမဟုတ်ဘူး။ သမ္မတဂျိုးဘိုင်ဒင်နဲ့သမ္မတက တော်ဂျီလ်ဘိုင်ဒင်တို့နေထိုင်တဲ့ အိမ် တော်နဲ့တစ်ဆက်တည်းဖြစ်တဲ့ အနောက် ဆောင်ထဲက အများသုံးစင်ပေါ်မှာ တွေ့ တာလို့ဆိုတယ်။ အနောက်ဆောင် ဆိုတဲ့ နေရာက အိမ်ဖြူတော်ဝန်ထမ်းတွေ၊ ဝန်

ထမ်းတွေနဲ့လာတွေ့တဲ့ဧည့်သည်တွေ၊နိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ ဝင် ထွက်ဖြတ်သန်းနေတာဆိုတော့ ဖြူဖြူအမှုန့် တွေဘယ်သူထားခဲ့သလဲဖော်ထုတ်ဖို့ တော်တော်ကြိုးစားရလိမ့်မယ်လို့ အထူး ထောက်လှမ်းရေးဖက်ကသတင်းထုတ် ပြန်တယ်။

ပထမဆုံးအနေနဲ့အဲဒီအမှုန့်တွေက ဘာ တွေလဲသိဖို့ သက်ဆိုင်ရာဓာတ်ခွဲခန်းကို ပို့လိုက်တယ်။ ဇူလိုင်၅ရက်မှာ အဖြေ သိရတယ်။ ကိုကင်းမူးယစ်ဆေးဝါးတွေ ဖြစ်နေတယ်။

အဲဒီကိုကင်းဟာ အမေရိကန် ပြည်ထောင် စုမှာ အထူးထိန်းချုပ်ကန့်သတ်ထားတဲ့ မူးယစ်ဆေးဝါးဖြစ်တယ်။ အိမ်ဖြူတော်လို့ လူတွေအလေးအမြတ်ထားကြတဲ့နေရာမှာ ဘယ်သူက ဥပဒေချိုးဖောက်ပြီး ကိုကင်း တွေလာထားခဲ့တာလဲလို့ အမေရိကန် သ တင်းမီဒီယာတွေက မေးခွန်းထုတ်ကြ တယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့သားဟန်းတားဘိုင် ဒင်ကို ဖခင်သမ္မတဂျိုးဘိုင်ဒင် သမ္မတ ကတော် ဂျီလ်ဘိုင်ဒင်တိုနဲ့အတူ ဇူလိုင်၄ ရက်ည သတင်းဓာတ်ပုံတွေထဲမှာ တွေ့ရ တယ်။ အမေရိကန်လွတ်လပ်ရေးနေ့ အ ထိမ်းအမှတ် မီးရှုးမီပန်းလွှတ်တာလာ ကြည့်တာလို့ဆိုတယ်။

ဟန်းတားဘိုင်ဒင်ဟာ ကိုကင်းစွဲခဲ့ဖူးလို့ ဖြူဖြူအမှုန့်တွေဟာ သူ့ပစ္စည်းတွေများ ဖြစ်နေမလားလို့ အမေရိကန်သတင်း မီဒီ ယာတချို့ကထောက်ပြထားတယ်။

Ref: CBS,BBC,CNN

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *