အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဗြိတိန် နိုင်ငံကို ရောက်ရှိလာ

နေတိုးစစ်အုပ်စုထိပ်သီးညီလာခံမတိုင်ခင် ဗြိတိန်နိုင်ငံကိုရောက်နေတဲ့ အမေရိ ကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ချားလ်စ် ဘုရင်နဲ့ဗြိတိန်ဝန်ကြီးချုပ်ရိရှိဆူနတ်တိုကို တွေ့ဆုံမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကအတည်ပြုကြေညာခဲ့ပါတယ်။

ဗြိတိန်ဘုရင်အဖြစ် ဘိသိက်ခံယူပြီးတဲ့ နောက် ချားလ်စ်ကို ဂျိုးဘိုင်ဒင် ပထမဆုံး အကြိမ် ဂါရဝပြုတွေ့ဆုံမှာဖြစ်တယ်။ ရိရှိ ဆူနတ်နဲ့တွေ့ရင်တော့ ယူကရိန်းအတွက် အမေရိကန်က ရောင်းလိုက်ပြီဆိုတဲ့ အတွဲလိုက်ဗုံးတွေနဲ့ပတ်သက်တဲ့ကိစ္စ ဆွေးနွေးမှာသေချာတယ်။

အတွဲလိုက်ဗုံးဖျက်သိမ်းရေးစာချုပ်ဝင် ၁၂၃နိုင်ငံက လက်မှတ်ရေးထိုးပြီး ပိတ် ပင်ထားတာသိလျက်နဲ့ အမေရိကန်က အတွဲလိုက်ဗုံးတွေ ယူကရိန်းကိုရောင်းဖို့ဆုံးဖြတ်တာမလျော်ကန်ဘူးလို့ ဝေဖန် ထောက်ပြခဲ့တယ်ဆိုတဲ့ ဝန်ကြီးချုပ်ရိရှိဆူ နတ်နဲ့ ဂျိုးဘိုင်ဒင်တို့နှစ်ဦး ဘာဆက် ပြောကြမလဲဆိုတာတော့ သူတို့ပဲ သိကြ လိမ့်မယ်။

အဲဒီအတွဲလိုက်ဗုံးတွေနဲ့ ရုရှားဖက်ကို မပစ်ဘူး၊ မြို့ပြတွေမှာလည်း အဲဒီလက် နက်တွေမသုံးဘူးလို့ ယူကရိန်းဖက်က စာရေးပြီးထပ်လောင်းအာမခံထားတဲ့အကြောင်း အမေရိကန်သတင်းရင်းမြစ်တွေ မှာဖော်ပြတယ်။

အတွဲလိုက်ဗုံးတွေ အမေရိကန်က ယူက ရိန်းကိုရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗြိ တိန်၊ ကနေဒါနဲ့ စပိန် (၃)နိုင်ငံဖက်က ဝေ ဖန်ထောက်ပြပြီးတဲ့နောက် နယူးဇီလန်နိုင် ငံကလည်း အလားတူ ဝေဖန်ခဲ့ပြန် တယ်။

ဇူလိုင် (၁၁)ကနေ(၁၂)ရက်အထိ လစ် သူယေးနီးယားနိုင်ငံ ဗီလ်နီးယပ်စ်မြို့ မှာ ကျင်းပမယ့် နေတိုးစစ်အုပ်စုထိပ်သီး ညီ လာခံကို ဂျိုးဘိုင်ဒင်ရောက်ရင်လည်း အတွဲလိုက်ဗုံးကိစ္စထည့်သွင်းဆွေးနွေးကြလိမ့်ဦးမယ်လို့လေ့လာသူတွေက ယူဆကြ တယ်။

Ref: BBC

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *