အမေရိကန်လေတပ် လေယာဉ်အမှုထမ်းတစ်ယောက် အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၂၆

ဂါဇာကမ်းမြောင်စစ်ပွဲကို ဆန့်ကျင်တဲ့  သဘောထားကို ပြတဲ့အနေနဲ့  ဝါရှင်တန်က  အစ္စရေးသံရုံးအပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ်  မီးရှို့ခဲ့တဲ့  အမေရိကန်လေတပ်က လေတပ်သားဟာ မီးလောင်ဒဏ်ရာနဲ့ပဲ သေဆုံးသွား တယ်လို့ စစ်တပ်နဲ့  ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်မျာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

သေဆုံးသူဟာအမှတ် ၅၃၁ ထောက်လှမ်းရေးအထောက်အကူပြုတပ်စု ရဲ့  ဆိုက်ဘာကာကွယ်ရေး စစ်ဆင်ရေး အထူး ကျွမ်းကျင်သူ အကြီးတန်း အဲမန် အာရွန် ဘွတ်ရှနဲ အသက်၂၅နှစ် ဖြစ်ပြီး  အခင်းဖြစ်ပွားရာမှာ ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့  အမေရိကန်လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ဒီလိုအဖြစ်ဆိုးမျိုး ကြုံလာတဲ့အခါ လေတပ်အဖွဲ့ဝင်တိုင်း ခံစားရတယ်” လို့ အမေရိကန် လေတပ်က ဗိုလ်မှူးကြီး ဆယ်လီနာ နွိုင်း ကလည်း ထုတ်ဖော်ပြောဆိုပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က အဲ့ဒိသေဆုံးမှုဟာ ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အခြေအနေကို စောင့်ကြည့်စမ်းစစ်နေတယ်လို့လည်း သိရပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုမှာ ငါ ရောထွေးနေတော့မှာ မဟုတ်ဘူး” လို့ ပြောဆိုပြီး အဆိုပါ အမျိုးသားက ကြည်လင် တဲ့ အ ရောင် ရှိနေတဲ့ အရည်တွေနဲ့ သူ့ကိုယ်သူ ဖြန်းပြီး သူ့ကိုယ်ကို မီးရှို့ရင်း “လွတ်လပ်သော ပါလက်စတိုင်း” လို့လည်း  အော်ဟစ်ခဲ့ကြောင်းလည်း  Reuters ရဲ့ ဗီဒီယိုသတင်းတစ်ခုမှာ တွေ့မြင်ကြရတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ အဲမန် အာရွန် ဘွတ်ရှနဲ ကို ထောက်ခံနေကြသူများ

Feature Image Credit: Getty Images/AFAnna Moneymaker)

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *