၂၂ မေ၊၂၀၂၄
သျှီ၀ကြေးရုပ်တုနဲ့ နောက်ထပ်ကြေးရုပ်ထု တစ်ခုကို အမေရိကန် မက်ထရိုပိုလီတန်အနုပညာ ပြတိုက်က ထိုင်းနိုင်ငံဆီ ပြန်လွှဲပေးခဲ့တာမှာ မေ ၂၀ နံနက် ၇ နာရီမှာ ရောက်ရှိလာပါတယ်။
အမေရိကန်ပြတိုက်ဆီ မနှစ်ကတည်းက ရောက်နေတဲ့ဒီရုပ်တုနှစ်ခုဟာ ရှေးဟောင်းပစ္စည်း မှောင်ခိုသမား ဒေါက်ဂလက်စ်လတ်ချ်ဖွန်းဆိုသူဆီက ရရှိခဲ့တာလို့ ထိုင်းသတင်းတွေက ဆိုပြီး မှောင်ခိုလုပ်တဲ့ အဲ့ဒီလူကို ဖမ်းဆီးပြီးပြီမို့ အမေရိကန်က ထိုင်းကို ပစ္စည်းပြန်လွှဲခဲ့တာပါ။
ဒါ့အပြင် အမေရိကန်ပြတိုက်က ဒီပစ္စည်းတွေဟာ ထိုင်းနိုင်ငံရဲ့ ပစ္စည်းလို့ ယုံကြည်လက်ခံပေးပြီး ပြန်လွှဲပေးလိုက်တာလို့လည်း သိရပါတယ်။
၁၁ ရာစုကတည်းက ရှိခဲ့တဲ့ ဒီရုပ်တုနှစ်ခုဟာ ခုချိန်မှာတော့ ဘန်ကောက် ဖရာနာခွန်းအမျိုးသားပြတိုက်ကိုရောက်ရှိနေပြီး ဒီကနေ့ မေ ၂၂ ရက်နေ့ကစပြီး အများပြည်သူ ကြည့်ရှုနိုင်ပြီလို့သိရပါတယ်။
Visited 39 times, 1 visit(s) today



