အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ အနီးပတ် ဝန်းကျင်ဒေသတွေမှာ လေထုညစ်ညမ်းမှုအခြေအနေဆိုးရွားနေ

အမေရိကန်ပြည်ထောင်စု နယူးယောက်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ လေထု ညစ်ညမ်းမှုအခြေအနေ ဆိုးရွားနေတယ်။ ဇွန်၆ရက်နဲ့ ၇ရက်တွေတုန်းက အပြင်မှာ မီးခိုးတွေမွှန်လို့ လူတွေသွားလာလှုပ်ရှား ကြတာ နည်းသွားခဲ့တယ်။

အပြင်ထွက်ရင် အမ်-၉၅ နှာခေါင်းစည်း ဝတ်ဆင်ထားကြဖို့ နယူယောက်မြို့တော်ဝန် ကိုယ်တိုင်တိုက်တွန်းပြောကြားခဲ့တယ်။ မြို့တော်ဝန်က ဇွန်၆ရက်မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ဒီလေထုညစ်ညမ်းမှုပြဿနာနဲ့ပတ်သက်ပြီး ရုပ်မြင်သံကြားကတ ဆင့် ရှင်းလင်းတင်ပြသတိပေးခဲ့ တယ်။

မီးခိုးတွေလေထုထဲမှာပိတ်မိပြီး အသက် ရှူရခက်လောက်တဲ့အထိ လေထုညစ် ညမ်းနေတာဖြစ်တယ်။ကနေဒါနိုင်ငံမှာတောက်လောင်နေတဲ့ တောမီးက မီးခိုးတွေ အမေ ရိကန်ဖက်လေနဲ့လွင့်ပါလာတာဖြစ်တဲ့အကြောင်း နယူးယောက်မြို့တော်ဝန်က ရှင်း လင်းပြောပြတယ်။

မီးခိုးငွေ့တွေ လေနဲ့အတူလွင့်မျောပြီးပါသွား လိုက်တာ တောင်ဖက်ပိုင်းက မေရီလန်း၊ ဗာဂျီးနီးယားနဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည် နယ်တွေအထိ ရောက်သွားခဲ့တယ်လို့ အမေ ရိကန်ပတ်ဝန်းကျင်အရေးတက်ကြွလှုပ် ရှားသူတွေကအတည်ပြုတယ်။

အဲဒီလေထုညစ်ညမ်းမှုပြဿနာဟာ အမေ ရိကန်ပြည်ထောင်စုမှာ ပေါ့ဆလို့မရပါဘူး။ ၁၉၆၇ ခုနှစ်ကညစ်ညမ်းတဲ့မီးခိုးငွေ့တွ ေကြောင့် လူ ၁၀၀ ကျော်သေဆုံးရတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြ ခဲ့ဖူးပါတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *