အမေရိကန်ပိုင် ဆီလီကွန်တောင်ကြားဘဏ်ရဲ့  အဓိကအစုရှယ်ယာတွေကို တရုတ်ကဝယ်

ဘေဂျင်း၊ ဩဂုတ် ၃၁

တရုတ်က ဆီလီကွန်တောင်ကြားဘဏ်ရဲ့ အဓိက အစုရှယ်ယာတွေကို ဝယ်လိုက်ပြီးတဲ့နောက်  ဆီလီကွန်ဘဏ်ဟာ ရှန်ဟိုင်းပူတုံဖွံဖြိုးရေးဘဏ်ရဲ့ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ယူနစ်ဖြစ်လာမှာ ဖြစ်ပြီး ဘဏ်နာမည်ကိုလည်း ရှန်ဟိုင်းဆန်းသစ်တီထွင်မှုဘဏ်ဆိုပြီး ပြောင်းပစ်မှာလို့ တရုတ်ဘဏ္ဍာရေးကြီးကြပ်မှူးတစ်ယောက်က ဩဂုတ် ၃၀ရက်  သောကြာနေ့နှောင်းပိုင်းက ပြောပါတယ်။

ဆီလီကွန်တောင်ကြားဘဏ်ရဲ့ ကျရှုံးမှုက ဒီဘက် နှစ်တွေအတောအတွင်း US ဘဏ်လုပ်ငန်းသမိုင်းရဲ့ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။  ရှန်ဟိုင်းပူတုံဖွံ့ဖြိုးရေးဘဏ် (Shanghai Pudong) က ဆီလီကွန်ဘဏ်ရဲ့  ရှယ်ယာတွေကို ဝယ်ချင်တဲ့သူ မရှိသလောက်ဖြစ်နေတဲ့ အချိန် စွန့်စားဝယ်ခဲ့တာပဲ ဖြစ်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ချက်တစ်ခုမှာတော့  အမျိုးသားဘဏ္ဍာရေးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာနရဲ့ ရှန်ဟိုင်းဌာနခွဲက အစုရှယ်ယာ ၁၀၀ရာခိုင်နှုန်းကို ထိန်းညှိနိုင်ဖို့ ဘဏ်ရဲ့ မှတ်ပုံတင်မတည်မတည်ရင်းနှီးငွေကို ယွမ် ၁ ဘီလီယံ( ဒေါ်လာ ၁၄၁သန်း)နဲ့ ညီမျှမယ့်  ရှယ်ယာဝင်အချိုးတွေ ကိုပြန်ချိန်ညှိဖို့လည်း  သဘောတူခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာ ကလာရာက ဆီလီကွန်တောင်ကြားဘဏ်

Feature Image credit: Brittany Hosea-Small/File Photo

Visited 54 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *