အမေရိကန်နဲ့ နျူလက်နက်ထိန်းချုပ်ရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံက သဘောတူ

ဘေကျင်း၊ နိုဝင်ဘာ ၂

တရုတ်နဲ့ အမေရိကန်တို့ လာမည့်သီတင်းပတ်မှာ နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးကြမှာဖြစ်ပြီး၊ အိုဘားမား အစိုးရလက်ထက်နောက်ပိုင်း  ပထမဆုံးသော ဆွေးနွေးပွဲဖြစ်တဲ့အကြောင်း Wall Street Journal က နိုဝင်ဘာ ၁ ရက် ဗုဒ္ဓ ဟူး နေ့က ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ ဝါရှင်တန်ကို  အလည်အပတ်ရောက်လာပြီးတဲ့နောက် လက်နက် ထိန်းချုပ် ရေးနဲ့ မပြန့်ပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေအပြင် ရေကြောင်းရေးရာနဲ့ တခြားကိစ္စရပ်တွေအတွက် သီးခြား ဆွေးနွေး တာ တွေ  လုပ်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို ခဲ့ပြီး လည်း ဖြစ်ပါ တယ်။

အဆိုပါ လက်နက်ဆွေးနွေးပွဲကို နိုဝင်ဘာ၆ရက် တနင်္လာနေ့မှာ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိ  မလိုရီ စတီးဝဒ် နဲ့ တရုတ်နိုင်ငံခြားရေးဌာနလက်အောက်က  လက်နက်ထိန်းချုပ်ရေးဌာန အကြီးအကဲ ဆန် ရှောက်ဘို တိုက ဦးဆောင် ဆွေး နွေးမှာ ဖြစ်တယ်လို့ Wall Street Journal သတင်းမှာ  ဖော်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဝါရှင်တန်မှာ ရုံးစိုက်တဲ့  တရုတ်သံရုံးတို့က ဆွေးနွေးပွဲ အချိန် သို့မဟုတ် ပုံစံနဲ့ ပတ် သက်ပြီး မှတ်ချက်ပေးဖို့Reuters သတင်းဌာနရဲ့  တောင်းဆိုမှုကိုတော့ လတ်တလော ချက်ချင်း တုံ့ပြန် တာမျိုး မရှိ သေးဘူးလို့လည်း သိရပါတယ်။

ဘေကျင်းရဲ့ ကလီးယားလက်နက်တည်ဆောက်မှုနဲ့ ပတ်သက်လို့ ဝါရှင်တန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုးကားပြီး မဟာ ဗျူဟာတည်ငြိမ်ရေးဆိုင်ရာ ရှေ့ဆက်ဆွေးနွေးပွဲတွေကို စတင်ဖို့တရုတ်နဲ့  အမေရိကန်သမ္မတတွေက သဘောတူညီခဲ့ ကြတယ်လို့  အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် စူလီဗန်က  ၂၀၂၁ ခုနှစ်မှာ ပြော ဆိုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters/rc

ပုံစာနှစ်နိုင်ငံ အလံတော်တွေကို လွှင့်ထူထားပုံ

Feature Image Credit: Reuters/Brian Snyder

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *