အမေရိကန်နဲ့ တရုတ် ကာကွယ်ရေး ဦးစီးချုပ်တွေ စင်ကာပူမှာ ရှားရှားပါးပါး ဆွေးနွေးပွဲ ကျင်းပဖို့ ရှိ

၁၈ လအတွင်း နှစ်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်တွေအကြား ပထမဆုံးသော ထင်ရှားတဲ့  မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ ဖြစ်လာမယ်လို့ ဆို

စင်္ကာပူ၊ မေ ၃၀

အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဦးစီးချုပ်တို့  အခုသီတင်းပတ်ကုန် စင်္ကာပူမှာ ရှားရှားပါးပါး တိုက်ရိုက်တွေ့ဆွေးနွေးဖို့ ရှိနေပြီး နောက်ထပ် စစ်ရေးဆွေးနွေးပွဲတွေပါ ဆက်တိုက်လုပ်သွားဖို့ နှစ်ဘက် မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။

Shangri-La Dialogue လို့ မှည့်ခေါ်ထားတဲ့ အဲ့ဒိတွေ့ဆုံမှုဟာ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် နဲ့  တရုတ်ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဒေါင်ဂျွန်း တို့အကြားထူးခြားအရေးပါတဲ့ တွေ့ဆုံမှု ဖြစ်လာဖို့လည်း ယုံကြည်နေကြပါတယ်။

မကြာသေးတဲ့ နှစ်တွေမှာ အမေရိကန်-တရုတ် ဆက်ဆံရေးက အတိုင်းအတာတစ်ခုအထိ အေးစက်နေသလို ဖြစ်ခဲ့ပါတယ်။

သောကြာနေ့ (မေ ၃၁) မှာ စတင်မယ့်  ဒီ တွေ့ဆုံမှုဟာ ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်အပြီး ကျွန်းကို တိုက်မယ်လို့ တရုတ်ဘက်က အတည်မပြောနိုင်တဲ့သတင်းတွေ ထွက်လာအပြီး တစ်ပတ်အကြာမှာ ရုတ်တရက် မြန်မြန်ဆန်ဆန် ပေါ်လာတာ ဖြစ်ပါတယ်။

Ref: AFP

ပုံစာ။ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် နဲ့  တရုတ်ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဒေါင်ဂျွန်း

Feature Image credit: AP, Reuters

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *