စတော့ခ်ဟုမ်း၊ ဒီဇင်ဘာ ၆
အမေရိကန်နဲ့ ဆွီဒင် နှစ်နိုင်ငံဟာ ၂၀၂၃ခု ဒီဇင်ဘာ ၅ ရက်နေ့မှာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
နော်ဒစ်နိုင်ငံတစ်ခု ဖြစ်တဲ့ ဆွီဒင်ဟာ နေတိုးအဖွဲ့ကို ဝင်ခွင့်ရဖို့ အတည်ပြုချက်ကို စောင့်နေချိန်မှာပဲ နော်ဒစ်နိုင်ငံတွေရဲ့ စစ်ရေးမဟာမိတ်တွေ ပိုအားကောင်းလာစေဖို့အတွက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက် တစ်ရပ်ကို ဒီဇင်ဘာ ၅ ရက် အင်္ဂါနေ့မှာ လက်မှတ်ရေးထိုး သဘောတူခဲ့တာလို့ ဆိုင်ရာနိုင်ငံတွေကဆိုပါတယ်။။
“ဆွီဒင်ဟာ နေတိုးရဲ့ ခိုင်မာပြီး စွမ်းရည်ရှိတဲ့ ကာကွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး နေတိုး အဖွဲ့ဝင်အဖြစ် အသိမှတ်ပြုပြီး တဲ့နောက် မဟာမိတ်အဖွဲ့ကို ပိုမိုခိုင်မာစေလိမ့်မယ်” လို ဆွီဒင် နိုင်ငံခြားရေးဌာနက ရေးသားဖော်ပြလိုက်ပါတယ်။
အမေရိကန်ကလည်း “ဆွီဒင်ရဲ့ အသင်းဝင်မှုဟာ ကျွန်တော်တို့ရဲ့ စုပေါင်းကာကွယ်ရေးကို အားကောင်းစေပြီး ယူရို-အတ္တ လန္တိတ်ဧရိယာရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို မြင့်တက်စေမှာ ဖြစ်တယ်” လို ဆိုပါ တယ်။
ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပါး ဂျွန်ဆင် က ဆွီဒင်ကို မီးစိမ်းပြမပေးသေးတဲ့ တူရကီနဲ့ ဟန်ဂေရီနိုင်ငံတို့က ပံ့ပိုးကူညီ မယ့် အချိန်ကို မျှော်လင့်နေကြောင်း လည်း ဆွီဒင်ကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။
နော်ဒစ်နိုင်ငံတွေထဲမှာ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နဲ့ အိုက်စလန်တို့အပြင် ဖာရိုးကျွန်းစုများ၊ ဂရင်းလန်းနဲ့ အာလန် တိုလည်း ပါဝင်နေပါတယ်။
Ref: Reuters
ပုံစာ။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်နဲ့ ဆွီဒင် ကာကွယ်ရေး ဝန်ကြီး ပါး ဂျွန်ဆင် တို့ ပင်တဂွန် စစ်ဌာနချုပ်မှာ ဒီဇင်ဘာ၅ရက် အင်္ဂါနေ့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်ကို လက်မှတ်ရေး ထိုးနေကြပုံ
Feature Image Credit: Austin/X



