အမေရိကန် နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားမယ်လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေပြော

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ ၁၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ကို ပြန်လည် စတင်ဖို့ အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒတွေပါ  ပူးပေါင်းဆောင်ရွက်ဖို့  နိုဝင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့ က သဘော တူညီချက် ရခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ဒန်နဲ့ ရှိတိုဟာ  ဆန်ဖရန်စစ္စကိုမြို့ဆင်ခြေဖုံးမှာ လေးနာရီနည်းပါး တွေ့ဆုံခဲ့ကြပြီး အမေရိကန်-တရုတ်ဆက်ဆံရေး တင်းမာစေတဲ့  ဖိအားအားတွေကို လျှော့ချနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လမှာ အထက်လွတ်တော်ဥက္ကဌ နန်စီပေလိုစီ ထိုင်ဝမ်ကို သွားရောက် လည်ပတ်အပြီးနောက်ပိုင်း တရုတ်နိုင်ငံနဲ့ ပြတ်တောက်နေတဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ်လုပ်ကိုင်မှုတွေ ပြန်စဖို့ တရုတ် အမေရိကန် ခေါင်းဆောင် နှစ်ယောက်က သဘောတူခဲ့ ကြတယ်လို့ ဘေဂျင်းက ပြောဆိုခဲ့ပါတယ်။

သမ္မတဘိုင်ဒန်ကလည်း  နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေကို တောင်းဆိုခဲ့ပါတယ်။ ဒိနောက်တော့  အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် တရုတ်သမ္မတနဲ့  တွေ့မယ်လို့ အမေရိကန် အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံ စစ်တပ်တွေဟာ ပြီးခဲ့တဲ့ နှစ်တွေထဲမှာ အလှမ်းအတော်ကွာဝေးခဲ့တဲ့ အနေ အထား ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ရှီက ထိုင်ဝမ်ကို  သူ့ရဲ့ ပိုင်နက်နယ်မြေအဖြစ် တရုတ်က တောင်းဆိုထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း လာမယ့် နှစ်တွေမှာ ထိုင်ဝမ်အပေါ် စစ်ရေးအရ အရေးယူဖို့  အစီအစဉ်မရှိသေးိကြောင်း ပြောဆိုခဲ့ပေမယ့်လည်း အင်အားသုံးနိုင်တဲ့ အခြေအနေတွေကိုတော့ ထုတ်ပြခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ကတော့  ထိုင်ဝမ်ရဲ့  ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို လေးစားဖို့  တရုတ်ကို တောင်းဆိုခဲ့တယ်လို့ တာဝန် ရှိသူတစ်ယောက် ပြောပြချက်အရ သိရပါတယ်။

Ref: Reuters/fs/lk

ပုံစာ။ ၂၀၂၃ခု နိုဝင်ဘာ ၁၅ရက်နေ့က အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးမှာ တွေ့ရတဲ့ ကမ္ဘာ့ခေါင်းဆောင်နှစ်ယောက်

Feature Image Credit: Reuters/Kevin Lamarque

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *