အမေရိကန်နဲ့တရုတ်နိုင်ငံခြားရေးထိပ်တန်းအရာရှိများ ပေကျင်းမြို့တော်မှာ တွေ့ဆုံ ဆွေးနွေး

အမေရိကန်ပြည်ထောင်စုကအရှေ့အာ ရှနဲ့ပစိဖိတ်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ်လ်ခရစ် တင်ဘရင့်ခ်နဲ့ တရုတ်နိုင်ငံဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီအကြီးတန်းညွှန်ကြားရေးမှူး ဆာရာဘီရန်တို့ နှစ် ဦးဟာ ဇွန်၅ရက်က တရုတ်နိုင်ငံပေကျင်း မြို့တော်ကိုသွားရောက်ပြီးတော့ နိုင်ငံခြား ရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေဖြစ်တဲ့ မာကျောက်ရှူနဲ့ ယန်တောက်တို့နှစ်ဦးကို တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံအကြား တင်းမာမှုအ ထွတ်အထိပ်ရောက်နေ တဲ့အချိန်မှာ သူတို့လေးဦးတွေ့ဆုံခြင်း ဖြစ်ပြီး သံတမန်ဆက်ဆံရေးနဲ့ပတ်သက်ပြီး အလယ်အလတ်အဆင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က လုံခြုံရေးကိစ္စ ဆွေးနွေးချင်တယ်လို့ ကမ်းလှမ်းတာကို တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ ဖက်က ငြင်းပယ်လိုက်ပြီးတဲ့နောက်မှာ ခရစ်တင်ဘရင့်ခ် တို့နှစ်ဦး ပေကျင်းကို လာရောက်တာဖြစ်ပါတယ်။

နှစ်နိုင်ငံနိုင်ငံခြားသံတမန်ဆက်ဆံရေးဆိုင်ရာကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ကြရာမှာ ပွင့်လင်းပြီး အလုပ်ဖြစ်ခဲ့တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။

အလားတူပဲ တရုတ်-အမေရိကန် ဆက်ဆံ ရေးတိုးမြှင့်ရေးအတွက် နှစ်ဖက်ကိုယ် စားလှယ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မေ၆ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ သူတို့နှစ်ဦးတရုတ်မသွားခင် အရင်လ ထဲတုန်းက အမေရိကန်စီအိုင်အေ ညွှန် ကြားရေးမှူးဝီလျံဘန်းစ်နဲ့ အဖွဲ့ကိုသွားတွေ့ ခဲ့သေးတယ်လို့ အမေရိကန်သတင်းမီဒီ ယာတချို့မှာ ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန် စစ်သငေ်္ဘာရဲ့ ရှေ့ ကိုက်အနည်းငယ် အကွာကနေ တရုတ်ရေတပ်ရဲ့ ဖျက် သငေ်္ဘာ ဖြတ်မောင်းတဲ့ပြဿနာ ဖြစ်ပွား ပြီးတဲ့နောက် သူတို့လေးဦးတွေ့ဆုံဆွေးနွေး ကြတာဖြစ်ပါတယ်။

Ref: kyodonews

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *