အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်က တက္ကသိုလ်မှာ ပစ်ခတ် ဖြစ် လူသုံးယောက်သေဆုံး

ပစ်ခတ်မှုဖြစ်အပြီး တွေ့ရတဲ့ တက္ကသိုလ်ထဲက ကျောင်းသားများ
Photo Credit: AFP

လာစ်ဗီးဂတ်စ်၊ ဒီဇင်ဘာ ၇

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်က တက္ကသိုလ်တစ်ခုမှာ ဒီဇင်ဘာ၆ရက် ဗုဒ္ဓဟူးနေ့ က သေနတ်သမား တစ်ယောက် ရဲ့ လက်ချက်နဲ့  လူ ၃ ယောက် သေဆုံးပြီး  တစ်ယောက်ကတော့ဒဏ်ရာအပြင်းအထန်ရခဲ့ တယ်လို့ သိရပါတယ်။

လောင်းကစားစင်တာတွေနဲ့ ခရီးသွားတွေ ပြည့်ကျပ်နေတဲ့ လားစ်ဗီးဂတ်စ်က  နီဗားဒါးတက္ကသိုလ် မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“ ၃ ယောက် ကတော့ သေဆုံးသွားတယ်လို့ အတည်ပြုထားပါတယ်” ဆိုပြီး ရဲအရာရှိ ကီဗင် မက်မာချေး က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ပစ်ခတ်မှုကြောင့် စတုတ္ထမြောက်သားကောင်က ဒဏ်ရာ ပြင်းခဲ့ပေမယ့်လည်း နောက်ပိုင်း မှာ အခြေအနေတည်ငြိမ်သွားတဲ့အကြောင်း ကိုလည်း သူကပြောပါတယ်။

သေနတ်သမားက ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်းထုတ်ပြန်တာမျိုးမရှိသေးပေမယ့် CNN နဲ့ Los Angeles Times တို့က တော့ သေနတ်သမားဟာ ဂျော်ဂျီယာနဲ့ မြောက်ကာရိုလိုင်းနားမှာရှိတဲ့ ကျောင်းတွေနဲ့ ပတ်သက်တဲ့ အသက်၆၇ နှစ် အရွယ် အသက်မွေးဝမ်းကျောင်းကောလိပ်ပါမောက္ခ ဖြစ်တယ်လို့ ရေးသား ဖော်ပြနေကြ ပါ တယ်။ ဒါပေမယ့် ပစ်ခတ်မှု ဖြစ်ပွား ခဲ့တဲ့နေရာ နီဗားဒါးတက္ကသိုလ်နဲ့ သူနဲ့ ဘယ်လိုဆက်နွယ် မှုရှိတယ်ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်းမသိရ သေးပါဘူး လို့ လည်း ဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကောလိပ်ကျောင်းဝင်းကို အခုလို အကြမ်းဖက်တိုက်ခိုက်တာ “ထိတ်လန့်ဖွယ် သေနတ် အကြမ်းဖက်မှု” ဆိုပြီး  ရှုတ်ချပြောဆိုခဲ့ပါတယ်။

သေနတ်သမားကတော့ ရဲတပ်ဖွဲရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း သူနဲ့ ပတ်သက်တဲ့သတင်းအချက် တွေကို အခုချိန်အထိ ဖော်ထုတ်ပြောဆိုတာမျိုး မရှိသေးဘူးလို့ လည်း သိရပါတယ်။

Ref: AFP/at/rc

ပုံစာ။ သေနတ်သမားကို လိုက်ဖမ်းနေတဲ့ ရဲတပ်ဖွဲဝင်နှစ်ယောက်

Feature Image credit: Steve Marcus/Las Vegas Sun via Reuters

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *