အမေရိကန်နိုင်ငံ မန်းဖစ်တိရစ္ဆာန်ရုံကအသက်၂၄ နှစ်အရွယ် ပန်ဒါကြီးလီလီ ရုတ်တရက် သေဆုံး

ပန်ဒါကြီးလီလီ ကို တွေ့ရပုံ( ၂၀၂၁ ဖေဖေါ်ဝါရီ ၅)
Photo Credit: USA TODAY

မန်းဖစ်(အမေရိကန်)၊ ဖေဖေါ်ဝါရီ ၄

အမေရိကန်နိုင်ငံ မန်းဖစ် တိရစ္ဆာန်ရုံက အသက် ၂၄ နှစ်အရွယ် ပန်ဒါကြီးလီလီဟာ အခုသီတင်းပတ် အစောပိုင်း မှာ သေဆုံးသွားတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။

မန်းဖစ် တိရစ္ဆာန်ရုံအမှုဆောင်အရာရှိချုပ် မတ် သွန်မဆင် က သောကြာနေ့(ဖေဖေါ်ဝါရီ၃ ရက်) မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပန်ဒါဝက်ဝံ အထီးကြီး လီလီဟာ  နှစ် ၂၀ လောက် အသက်ရှင်နေထိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁ရက်) မနက် အစောပိုင်းမှာတော့  သေဆုံးသွားပြီ လို့ ပြောခဲ့ပါတယ်။

လီလီ သေဆုံးရတဲ့  အကြောင်းကို မသိရသေးဘူးလို့ သွန်မဆင်က ဆက်ပြောပါတယ်။ တိရစ္ဆာန်ရုံရဲ့ တိရစ္ဆာန် ဆေးကုအဖွဲ့နဲ့အတူ  တရုတ်နိုင်ငံကပန်ဒါပညာရှင်အဖွဲ့တစ်ဖွဲ့က “သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့  ရင်ခွဲစစ်ဆေးတာ” လုပ်မယ်လို့  အကြီးတန်းတိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ဖေလီရှန် နိုက်တလေ က ပြောဆိုလိုက်ပါတယ်။

မန်းဖစ် တိရစ္ဆာန်ရုံအမှုဆောင်အရာရှိချုပ် မတ် သွန်မဆင် က လီလီ သေဆုံးတာနဲ့ ပတ်သက်ပြီး  “ရုတ်တရက်နဲ့ မျှော်လင့်မထားသော”ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြခဲ့ပြီး လီလီဟာ သူမသေဆုံးခင် အချိန်အထိ နေ့စဥ် ဒီယိုမှတ် တမ်း တွေမှာ နေမကောင်းတဲ့ ဘာအရိပ်အယောင်တစ်ခုမှ မပြခဲ့ဘူးဘူးလို့ ပြောပါတယ်။

ပန်ဒါကြီးတစ်ကောင်ရဲ့  သက်တမ်းဟာ  ပုံမှန်ဆိုရင် သဘာဝအတိုင်း တောထဲမှာ  ၁၅ နှစ်က ၂၀ နှစ်ကြား အသက် ရှည်တတ်ကြပြီး တိရစ္ဆာန်ရုံတွေမှာတော့ နှစ် ၃၀ လောက် အထိ သက်တမ်းရှည်တတ်ကြတယ်လို့ အမေရိကန် နိုင်ငံ စမစ်ဆိုနီယမ်အမျိုးသားတိရစ္ဆာန်ဥယျာဉ်နဲ့ ထိန်းသိမ်းရေးဇီဝဗေဒဌာနရဲ့ ပြောကြားချက်တွေအရ သိရပါ တယ်။

ဒီနေ့အချိန်မှာတော့“ပန်ဒါကြီး ၁၈၆၄ ကောင်လောက်က သူတို့ရဲ့ မွေးရပ်မြေတွေမှာ ရှင်သန် နေထိုင်နေကြပြီး တခြား ပန်ဒါ ၆၀၀ လောက်ကတော့ ကမ္ဘာတဝှမ်းက တိရစ္ဆာန်ရုံတွေနဲ့ မွေးမြူရေးစင်တာတွေမှာ အသက်ရှင် နေထိုင်နေကြတယ်လို့ ”  စမစ်ဆိုနီယမ် က ကျွမ်းကျင်သူတွေက  မှတ်ချက်ပြု ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref:CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *