အမေရိကန်နိုင်ငံ ဘော်လ်တီမိုးမြို့က တံတားကြီး  ပြိုကျ

တံတားပေါ်ကကားတွေပါ  မြစ်ထဲ ပြုတ်ကျ

မပြိုကျခင်က တံတားကြီးကို တွေ့ရပုံ
Photo Credit: StreamTimeLive

ဘော်လ်တီမိုး၊ မတ် ၂၆

အမေရိကန်နိုင်ငံ  ဘော်လ်တီမိုးမြို့က ပါတက်ပ်စကိုမြစ်ကို ဖြတ်ဆောက်ထားတဲ့ ၁ဒသမ၆မိုင်ရှည်တဲ့ လေးလမ်းသွား တံတားကြီးဟာ  မတ်လ ၂၆ရက် ညပိုင်းက မတော်တဆမှု ဖြစ်ပြီး မြစ်ထဲ ဗုန်းဗုန်းလဲ ပြိုကျသွားခဲ့ပါတယ်။

တံတားပြိုကျပြီးသွားတဲ့နောက် ကယ်ဆယ်ရေးသမားတွေဟာ မြစ်ထဲမှာ လူတွေကို လိုက်ပြီး ရှာဖွေ ကယ်တင်နေတယ်လို့ သိရပါတယ်။ ပြိုကျခဲ့တဲ့  ဖရန်စစ် စကော့ ကီးတံတား ကြီး ( Francis Scott Key ) ပြိုကျသွားအပြီး တစ်ညလုံး ရေထဲ ကျသွားတဲ့ ကားတွေ ဆီက လွတ်မြေက်လာတဲ့ လူတွေကို ညလုံးပေါက် ရှာဖွေ ကယ်တင်နေတာ ဖြစ်တယ်လို့ ဘော်လ်တီမိုး မီးသတ်ဌာနက ပြောပါတယ်။

ဖြစ်စဉ်က ဘော်လ်တီမိုးမြို့ကနေ ထွက်ခွါလာတဲ့  သင်္ဘောကြီးတစ်စင်းဟာ  တံတားရဲ့  ကော်လံတစ်ခုကို ဝင်တိုက်ခဲ့မိရာက အခုလို အထိ ဖြစ်သွားရတဲ့အကြောင်း  မီးသတ်ဌာန ဆက်သွယ်ရေးဒါရိုက်တာ ကီဗင် ကတ်ရိုက် က ပြောပါတယ်။ သူတို့ ဌာနကို ညသန်းခေါင် ၁း၃၀ နာရီဝန်းကျင်မှာ ဒေသဆိုင်ရာအေဂျင်စီတွေကနေ ဖုန်းခေါ်ဆိုမှု 911 ကို လက်ခံရခဲ့တယ်လို့ ပြောပြပါတယ်။

လတ်တလောမှာ အသွားအလာအားလုံးကို လမ်းလွှဲထားကြောင်း မေရီလန်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်က ပြောဆိုထားပြီး တစ်စုံတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ပြေပါတယ်။

အခင်းဖြစ်နေရာက  မီးခိုးငွေ့တွေ  အများကြီး လေထဲမှာ လွှင့်နေပြီး မှောင်မိုက်သွားတယ်လို့လည်း မျက်မြင် တွေ ကရော CNN ရဲ့ ရုပ်သံသတင်းတွေအရရော သိရပါတယ်။

Ref: CNN

ပုံစာ။ တံတားကြီး ပြိုကျသွားပုံ

Feature Image credit: StreamTimeLive

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *