အမေရိကန်နိုင်ငံ ဆန် အန်တိုနီယိုမြို့က ရပ်ထားတဲ့ ထရပ်ကားတစ်စီးနောက်တွဲပေါ် လူ၄၆ယောက် အစုလိုက်အပြုံလိုက် သေဆုံးနေတာကိုတွေ့

အခင်းဖြစ်နေရာမှာတွေ့ရတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တချို့

တက္ကဆတ်၊ ဇွန် ၂၈

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ် ဆန်အန်တိုနီယို လမ်းဘေးတစ်နေရာမှာ ရပ်ထားတဲ့ ထရပ်ကား တစ်စီး  နောက်တွဲပေါ် ကနေ သေဆုံးနေတဲ့ လူ၄၆ယောက်ရဲ့အလောင်းတွေကို တွေ့ရှိခဲ့ရပြီး ကားပေါ်က အသက်ရှင်လျက် ကျန်နေ တဲ့ သူ ၁၆ယောက် ကိုတော့ နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့ ဒေသအာဏာပိုင်တွေက တဆင့် သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြို့တော်ဝန် ရွန် နီရင်ဘတ်ဂ်က  အခုလို အစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့ပတ်သက်ပြီး ဒါဟာ လူသားဆိုင်ရာ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးလို့ ဆိုပါတယ်။

အဆိုပါနေ့ ညနေအစောပိုင်းမှာတော့ ဆန်အန်တိုနီယိုမြို့တော် ကောင်စီဝင် အန်ဒရီယာနာ ရိုချာ ဂရာစီယာ က သေဆုံးသွားသူတွေဟာ ရွေ့ပြောင်းနေထိုင်ဖို့ ရောက်လာသူတွေလို့ ပြောဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာအနားက အလုပ်သမားတစ်ဦးက အော်ဟစ်အကူအညီတောင်းရာက  အာဏာပိုင်တွေက သိခဲ့ရတာလို့ ဆန်အန်တိုနီယိုရဲချုပ် ဘေလ် မက်မားနပ်စ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အကူညီတောင်းခဲ့တဲ့အလုပ် သမား က တစ်စိတ်တစ်ပိုင်းပွင့်နေတဲ့ ထရပ်ကားနောက်တွဲ ထဲမှာ လူတွေသေဆုံးနေတာ စတွေ့ခဲ့တာလို့လည်း ဆိုပါတယ်။ ဆက်လက်ပြီး မီးသတ်ဌာနအကြီးအကဲ ဖြစ်တဲ့ ချားလ်စ် ဟုဒ်က ကားထဲမှာ အသက်ရှင်နေသေးတဲ့လူကြီး‌ ၁၂ယောက်နဲ့ ကလေး လေးယောက်ကို နီးစပ်ရာဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ကြောင်းလည်းပြောပါတယ်။ အခုသူတိုတွေ အသက်ဘေးက လွတ်သွားပြီ ဆိုတဲ့နောက်ဆက်တွဲ သတင်းလည်း ကြားသိရပါတယ်။

အသက်ရှင်ကျန်နေသူတွေခန္ဓာကိုယ်က အတော်ကိုပူနေတာတွေ့ရကြောင်း ထရပ်ကားနောက်တွဲမှာ ရေဝင်တဲ့လက္ခဏာ မတွေ့ရဘဲ အဓိကက လေးအေးစက်မပါတာက အဓိက ပြဿနာလို့ပြောပါတယ်။ အဆိုပါနေ့က ဆန်အန်တိုနီယိုမြို့ အပူချိန်က ၉၀ နဲ့ ၁၀၀ စင်တီဂရိတ်အထိ ရှိနေခဲ့တယ်လို့ မြို့တော်မိုးလေဝသ ဌာနက ထုတ်ပြန်ထားကြောင်းလည်းသိရပါတယ်။

အမေရိကန်နိုင်ငံလုံခြုံရေးဌာနရဲ့ စုံစမ်းစစ်ဆေးရေး ယူနစ်ကတော့ အဲဒိဖြစ်ရပ်ကို လူမှောင်ခိုကူးတဲ့ဖြစ်ရပ်လို့ သတိပေးထားပြီး  သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်နေသူတွေဟာ ဘယ်သူဘယ်ဝါ ဘယ်ဒေသက လာတယ်ဆိုပြီး ထုတ်ပြန်တာမျိုးတော့ မကြားသိရသေးပါဘူး။လူဝန်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနက အခင်းဖြစ်ရပ်ကို ဆက်လက်ကိုင်တွယ် စုံစမ်းနေတယ်လို့ သိရပါတယ်။

ထရပ်ကားကို တွေ့ခဲ့တဲ့ ဆန် အန်တိုနီယိုမြို့ မက္ကဆီကို နယ်စပ်တစ်နေရာ

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *