အမေရိကန်နိုင်ငံသား သတင်းထောက် အီဗန် ဂါကိုဗစ်ရှ်နဲ့ အမေရိကန်မရိန်းတပ်သားဟောင်း ပေါ်လ် ဝယ်လန် တို့ ရုရှားအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာ

သတင်းထောက် ဂါကိုဗစ်ရှ် (ဘယ်)၊ မရိန်းတပ်သားဟောင်း ပေါလ် (ညာ)
Photo Credit: AFP / Getty Images / Reuters via CNN Newsource

မယ်ရီလန့်၊ ဩဂုတ် ၁

သမိုင်းဝင် အကျဉ်းသား လဲလှယ်မှုတစ်ခု အပြီးမှာတော့ ဝေါ်လ်စထရိသတင်းစာရဲ့ သတင်းထောက်  အီဗန် ဂါကိုဗစ်ရှ်နဲ့ အမေရိကန်မရိန်းတပ်သားဟောင်း ပေါ်လ် ဝယ်လန်တို့ နှစ်ယောက်ဟာ ရုရှားအကျဉ်းထောင်ကနေ ဩဂုတ် ၁ရက် ကြာသပတေးနေ့ကလွတ်မြောက်လာခဲ့ကြပါတယ်။

ဒီလိုလွတ်မြောက်လာတဲ့ အဖြစ်အပျက်အခြေအနေက  စစ်အေးခေတ်နောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတို့ကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။  လွတ်မြောက်လာသူ အရေအတွက်ကတော့ နှစ်ဒါဇင်အထိရှိတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ကို ပြန်ရောက်လာကြတဲ့သူတွေထဲမှာ အီဗန် ဂါကိုဗစ်ရှ်၊ ပေါလ် ဝယ်လန်တို့အပြင် ရုရှား-အမေရိကန် သတင်းထောက် အာဆူ ကာမာရှေဗာလည်း ပါတယ်လိုဆိုပါတယ်။ ပြည်တော်ပြန်လာတဲ့ သုံးယောက်ကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်၊ ဒုသမ္မတ ကာမလာ ဟားရစ် အပါအဝင် ကာယကံရှင်မိသားစုတွေက မေရိလန်စစ်လေတပ်စခန်းရဲ့ ကတ္တရာလမ်းမပေါ်မှာ ခရီးဆိုက်ဆိုက်ခြင်း တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ လွတ်မြောက်လာတဲ့ အခြား အကျဉ်းသားတွေကတော့  တူရကီက အကျဉ်းသား ၂၄ ယောက် အပါအဝင် နိုင်ငံခုနှစ်နိုင်ငံက သူတွေပါတယ်လို့ သိရပါတယ်။

 ကြာသပတေးနေ့ လဲလှယ်မှုဟာ အမေရိကန်၊ ရုရှား၊ ဘီလာရုစ်နဲ့ ဂျာမနီ စတဲ့ နိုင်ငံတွေပါဝင်တဲ့ လူမသိသူမသိ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

ဝယ်လန်က အချိန်ငါးနှစ်၊ ဂါကိုဗစ်ရှ်က အချိန် တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန်ဘက်ကတော့ သူတိုနှစ်ယောက်က မှာယွင်းပြီး အဖမ်းခံရတာလို့ သတ်မှတ်တဲ့ အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: CNN

ပုံစာ။ လွတ်မြောက်လာတဲ့ ‌ဂါကိုဗစ်ရှ် ကို ကြိုဆိုနေပုံ

Feature Image Credit:Manuel Balce Ceneta / AP

Visited 48 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *