တိုကျို၊ နိုဝင်ဘာ ၇
အစ္စရေး-ဟားမတ်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် ဘုံသဘောတူ ညီချက် ရှာဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင် နိုဝင်ဘာ၇ရက် အင်္ဂါနေ့မှာ ဂျပန်နိုင်ငံ ကို ရောက်လာခဲ့ ပါတယ်။ .
အစ္စရေးမှာ ဟားမတ်စ် စစ်သွေးကြွတွေက အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်အပြီး ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး စစ်တပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာက လူပေါင်း ၁၄၀၀ သေဆုံးခဲ့ပြီး အများစုက အရပ်သား တွေ လို့ အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။
ဟားမတ်စ် ဦးစီးတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဂါဇာမှာ သေဆုံးသူ ဦးရေဟာ ကလေး ၄၀၀၀ ကျော် အပါအဝင် လူ ၁၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
အစ္စရေးရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်က အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို ငြင်းထားပြီး အစ္စရေးမှာ တုံ့ပြန် ပိုင် ခွင့်ရှိတယ် ဆိုပြီး အခိုင်အမာဆိုနေပေမယ့် လည်း အမေရိကန်က တိုက်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ဒီနေ့မှာတော့ ပိတ်မိနေတဲ့ အရပ်သားတွေကို ကူညီဖို့အကူအညီတွေ တိုးချဲ့ဖို့ ဝါရှင်တန် အနေနဲ့ “ အလွန်ပြင်းထန်စွာ” လုပ် ဆောင်နေကြောင်းကို ဘလင်းကင်က ပြောပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြဘဲ “အကူအညီတွေကို သိသာထင်ရှားသတဲ့နည်းလမ်းတွေနဲ့ ချဲ့ထွင်လာ တာကို ရှေ့ရက်တွေမှာ မြင်ရလိမ့်မယ်”လို့ ဘလင်းကင်က ထပ်လောင်းပြောဆို့ခဲ့တယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်
Feature Image Credit: AFP