အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်အကြီးအကဲပုဂ္ဂိုလ်တွေ တိဘက်ဘုန်တော်ကြီး ဒလိုင်းလားမားနဲ့ နယူးယောက်မှာတွေ့ဆုံ

ဝါရှင်တန်၊ ဩဂုတ် ၂၂

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်အကြီးတန်း အရာရှိတွေက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၁ ရက်) နေ့ မှာ တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမားနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံပြီး တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးမယ့်  အမေရိကန်ရဲ့  ကတိကဝတ်ကို ထပ်ပြီးအတည်ပြု ပြောဆို့ခဲ့ကြ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။

အသက် ၈၉ နှစ်အရွယ် ပြည်ပရောက် တိဗက်ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလာမားကို တရုတ်က ခွဲထွက်ရေးသမားဆိုပြီး နှစ်ပေါင်းများစွာကတည်းက ဒီနေ့ထိ ခေါင်းစဉ်တပ်ထားလို့ သူနဲ့ တွေ့ဆုံတာက တရုတ်ကို ဒေါသ ထွက်စေတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

၁၉၅၉ ခုနှစ်က တိဗက်မှာ တရုတ်အုပ်စိုးမှုကို မကျေနပ်လို့ ပုန်ကန်ခဲ့တဲ့  လူထုအုံကြွမှုက မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ဘုန်းတော်ကြီး ဒလိုင်းလားမားလည်း  အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ ဒူးခေါင်းကိုဆေးကုသမှုခံယူဖို့  နယူးယောက်ကို တစ်ခါ ရောက်ခဲ့အပြီး အခု ၂၀၂၄ခရီးစဉ်ကတော့ ဒုတိယ အကြိမ်ပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့  ထုတ်ပြန်ချက်မှာတော့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်အတွင်းဝန်နဲ့ တိဗက်အရေး အထူးညှိနှိုင်းရေးမှူး အူဇရာ ဇီယာအပါအဝင်  အိမ်ဖြူတော် ဒါရိုက်တာ ကယ်လီ ရက်ဇော့နဲ့  လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူးတို့ က နယူးယောက်မြို့မှာ ဘုန်တော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံမှု အပြီး ထုတ်ပြန်ချက်မှာတော့ တိဘက်တို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ် တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံအားပေးဖို့ အမေရိကန်ရဲ့ ကတိကဝတ် ကို ထပ်လောင်းအတည်ပြုတဲ့ အကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ ။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ၂၀၁၇ခုနှစ်က နယူးယောက်မြိုမှာ တွေ့ရပုံ

Fearture Image credit: PTI

Visited 37 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *