ကန်းဆတ်၊ ဖေဖေါ်ဝါရီ ၁၅
အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ် ကန်းဆတ်မြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန် လက်ပစ်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းyအပြီး အောင်ပွဲခံ ဆုပေးပွဲ ကျင်းပနေချိန် သေနတ်သမားရဲ့ ပစ်ခတ်မှု့ကြောင့် ပရိသတ်ထဲက တစ်ယောက်သေပြီး အယောက် ၂၀ အထိ ဒဏ်ရာရသွားတယ်လို့ ကန်းဆတ်ရဲတပ်ဖွဲက ပြောပါတယ်။
ကန်းဆတ် မြို့လယ်က Union Station ရဲ့ အတွင်းမှာရော အပြင်ဘက်မှာပါ ပရိသတ်သောင်းနဲ့ချီ ရှိနေချိန်လည်း ဖြစ်ပါတယ်။ ပစ်ခတ်ခံရတဲ့ အထဲမှာ ကလေးသူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာပဲ ရဲအရာရှိတွေက လူသုံးယောက်ကို ဖမ်းဆီးထားပါတယ်။ဒါ့အပြင် အခင်း ဖြစ်ပွားတဲ့နေရာနားမှာ အခြား ပိုင်ရှင်မဲ့ သေနတ်တချို့လည်း တွေ့ခဲသေးတယ်လို့ ရဲ တပ်ဖွဲက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေပေမယ့် တိကျတဲ့ တရားစွဲဆိုမှုတွေတော့ မလုပ်သေးဘူးလို့ ကန်းဆတ်ရဲချုပ် စတေစီ ဂရောဖ့်က ပြောပါတယ်။
စုံစမ်းမှုတွေ စတင်နေပေမယ့် အဖြေမရသေးတဲ့ မေးခွန်းများစွာ ကျန်ရှိနေဆဲဖြစ်တယ် လို့လည်း ဆိုပါတယ်။
“ ပစ်ခတ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်၊ သက်သေ ဒါမှမဟုတ် ဗီဒီယိုရှိနိုင်သူတွေက ရဲကို ဆက်သွယ်ပေးဖို့ တောင်းဆိုနေပါတယ်” လို့ ရဲချုပ်က ဖေဖေါ်ဝါရီ ၁၅ရက် ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ အကြမ်းဖက်မှုဟာအမေရိကန်နိုင်ငံမှာ အနည်းဆုံး ၄၈ ကြိမ်မြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု တစ်ခု လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်
Ref: CNN
ပုံစာ။ အခင်းဖြစ်ပွားနေတဲ့ မြင်ကွင်း
Feature Image Credit: ABC



